လူထုတွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိမရှိကြဘဲ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဂရုမစိုက်ကြတာကြောင့် ဗိုင်းရပ်စ်ဟာ နိုင်ငံအဝန်းကို လျင်လျင်မြန်မြန် ပျံ့နှံ့မယ့်သဘောရှိတယ်လို့ အာဖဂန် ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားပါတယ်။  အခုလိုသာ ကျန်းမာရေးလမ်းညွှန်ချက်တွေကို ဆက်ပြီး လျစ်လျူရှုနေဦးမယ်ဆိုရင် အာဖဂန်လူဦးရေရဲ့ ၈၀%လောက် Covid-19 ကူးစက်ခံရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
တစ်ချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်က မြန်မြန်ကြီး ကူးစက်ပျံ့ပွားနေလို့ မြို့တော်ကဘူးလ်အပါအဝင် မြို့ကြီးတချို့ကို ပိတ်သိမ်းဖွယ်ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။

အာဖဂန်နစ္စတန် ပြည်နယ် ၃၄ခုအနက် ၂၉ခုမှာ ဒါဇင်ပေါင်း အတော်များများ ကူးစက်ခံနေရရာမှာ နိုင်ငံခြားသား စစ်တပ်အရာရှိ ၄ယောက်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၄ရက်နေ့က ပထမဆုံး ကူးစက်ခံရသူကို စစ်ဆေးတွေ့ရှိခဲ့တဲ့ ဟဲရတ်ဟာ အဆိုးရွားဆုံးခံရတဲ့ ပြည်နယ်ဖြစ်တယ်လို့ ဆိုပါတယ်။
ပညာပေးရေးနဲ့ သံသယရှိလူနာတွေကို ဆေးစစ်ခြင်းလို ကာကွယ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့အတွက် တာလီဘန်တွေက သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကို ကျန်းမာရေးလုပ်သားတွေကို ဝင်ခွင့်ပြုဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း အာဖဂန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

Ref; Press TV
Writer_Aung Moe ( XYZ News )