ဥရောပတိုက်မှာ ဗိုင်းရဗ်စ်ကူးစက်မူဒဏ်ကို အဆိုးရွားဆုံးခံစားနေရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်လူပေါင်း ၇၅၉ ဦး သေဆုံးခဲ့ပြီး ပိုးတွေ့သူ ၁၅၀၀၀ နီးပါးအထိ ရှိလာပါတယ်။ မနေ့က သောကြာနေ့ တစ်ရက်ထဲသေဆုံးသူ ဦး ရေမှာ ၁၈၁ ဦးအထိမြင့်တက်လာခဲ့ပြီး အရင်ရက်တွေ ၃၁ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မှာ ဗိုင်းရဗ်စ်ကူးစက်မူ လူနာ တွေဟာ အသက် ၂၉ နှစ်မှ ၉၈ နှစ်အတွင်းက အများဆုံးဖြစ်ကြပါတယ်။

ဒါ့အပြင် ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း မနေ့ကထပ်မံ အတည်ပြုလိုက်ပါတယ်။ ၀န်ကြီးဟာ ရောဂါလက္ခဏာ မပြင်းထန်တဲ့အတွက် အိမ်မှာပဲ သီးသန့်ခွဲ နေထိုင်နေကြောင်း ပြောပါတယ်။

ကျန်းမာရေး၀န်ကြီးအပြင် အသက် ၅၅ နှစ်အရွယ်ရှိဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရဗ်စ်ကူးစက်ခံရပြီဖြစ်ကြောင်း သူကိုယ်တိုင်အတည်ပြုပြောကြားထားပါတယ် ။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ အခုလိုဗိုင်းရဗ်စ်ကူးစက်ခံလိုက်ရတာကြောင့် နေအိမ်မှာသီးခြားခွဲနေပြီး လိုအပ်တဲ့ကျန်းမားရေစောင့်ရှောင့်မူတွေခံယူနေတယ်လို့သိရပြီး နိုင်ငံတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ သိရပါတယ် ။

အင်္ဂလန် ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမူအများဆုံးနိုင်ငံတွေထဲမှာ အီတလီ၊ စပိန်၊ တရုတ်၊ အီရန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စု တို့နောက် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

Ref; The Guardian
Writer_Aung Moe ( XYZ News )