အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်းဟာ စနေနေ့က ၁၀၄၀၀၀ ကျော် ရှိခဲ့ကြောင်း Johns Hopkins University က ကောက်ယူတဲ့ စာရင်းအရ သိရပြီး သေဆုံးသူဟာ ၁၇၀၄ ဦး ရှိတာကြောင့် တစ်ကမ္ဘာလုံးမှာ ကိုရိုနာကြောင့် သေဆုံးသူ ၂၇၃၇၀ အထိ ရှိသွားပြီ ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ အီတလီနိုင်ငံမှာ ကိုရိုနာကြောင့် ထပ်မံသေဆုံးသူဦးရေဟာ ဘယ်နိုင်ငံထက်မဆို ပိုများတဲ့ နှုန်းထားအဖြစ် ၂၄ နာရီအတွင်း ၉၁၉ ဦး သေဆုံးကြောင်း Aljazeera က ဖော်ပြပါတယ်။

အီတလီမှာ COVID-19 ကြောင့် သေဆုံးသူစုစုပေါင်းဟာ ၉၁၃၄ ဦး ရှိသွားပြီး ကူးစက်ဖြစ်ပွားသူပေါင်းလည်း ၈၆၀၀၀ အထိ မြင့်တက်ရောက်ရှိပါတယ်။

ဥရောပမှာလည်း ကပ်ဘေးဟာ အရှိန်မြင့်နေပြီး စပိန်မှာ တစ်ရက်အတွင်း သေဆုံးသူ ၇၆၉ ဦး ရှိတာကြောင့် သေဆုံးသူစုစုပေါင်းဟာ ၄၈၅၈ ဦးရှိအထိ ရှိခဲ့ပါတယ်။ စနေနေ့ အစောပိုင်းအထိ သေဆုံးသူဦးရေဟာ ၅၀၀၀ ကျော်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာက ပြည်ပမှ ဝင်ရောက်သူတွေမှာ ဖြစ်ပွားနှုန်း မြင့်တက်နေပေမယ့် ပြည်တွင်းကူးစက်မှု မရှိပါ။
စနေနေ့အထိ COVID-19 လို့ သိရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် အီရန်မှာ သေဆုံးသူ ၂၃၇၈ ဦး ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၃၂၃၃၂ ဦး ရှိပါတယ်။
ကမ္ဘာတစ်ဝန်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းဟာ ၅၉၇၀၀၀ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူဦးရေက ၁၃၁၀၀၀ ကျော် ရှိနေပါတယ်။

RF; MEHR
Writer- မောင်သံဆင့်(XYZ News)