အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ လုံခြုံရေးအထူထပ်ဆုံး ဂရင်းဇုန်အရပ်ကို ဒုံးကျည်သုံးစင်းဖြင့် တိုက်ခိုက်ခံရကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ရပ်နဲ့ မျက်မြင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ဒုံးကျည်တစ်စင်းဟာ အမေရိကန်သံရုံးနားမှာ ကျရောက်ထိမှန်ပြီး ကျန်နှစ်စင်းကတော့ ဘဂ္ဂဒက် စစ်ဆင်ရေးကွပ်ကဲမှု ရုံးဝင်း ဂိတ်ဝရှေ့မှာ ကျရောက်ခဲ့တာဖြစ်တယ်လို့ ယင်းသတင်းရင်းမြစ်နဲ့ မျက်မြင်တွေက Shafaq News သတင်းဌာနသို့ ပြောပါတယ်။

တိုက်ခိုက်မှုပြီးနောက်မှာ ဂရင်းဇုန်အရပ်က ဥဩဆွဲသံတွေကို ကြားရကြောင်း ၎င်းတို့က ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တစ်စိတ်တစ်ဒေသအဖြစ် အီရတ်လုံခြုံရေးဆိုင်ရာ မီဒီယာပြန်ကြားရေးက ထုတ်ပြန်ချက်တစ်ရပ် ချက်ချင်း ထုတ်ပြီး Katyusha ဒုံးကျည်နှစ်စင်း ဘဂ္ဂဒက်စစ်ဆင်ရေးကွပ်ကဲမှုရုံးရှေ့ ကျရောက်ခဲ့ကြောင်း၊ ပစ်လွှတ်လာရာ လမ်းကြောင်းက အယ်လ်နာဟာဒါအရပ်က ဖြစ်ကြောင်း ပြောပါတယ်။

လတ်တလောမှာ ဒီ တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရမှု သတင်း မကြားသိသေးပါ။

Rf; Shafaaq
မောင်သံဆင့်(XYZ News)

Ads