မြောက်ကိုရီးယားနိုင်ငံက စနေနေ့မှာ ပစ်လွှတ်စမ်းသပ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းဟာ နျူကလီးယားထိပ်ဖူး တင်ဆောင်နိုင်စွမ်း ရှိကြောင်း ဝါရှင်တန်အခြေစိုက် 38North ဝက်ဘ်ဆိုက်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။ မတ် ၂၁ ရက်နေ့ ပြုံယမ်းဟာ ဒီ နှစ်အတွင်းမှာ သုံးကြိမ်မြောက် လက်နက်စမ်းသပ်မှုအဖြစ် အဆိုပါ ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့တာပါ။ပစ်လွှတ်တဲ့ ဒုံးကျည်တွေဟာ တိုက်ပွဲမှာ ပစ်ကူမယ့် အမေရိကန်ရဲ့ မြေပြင်မှ မြေပြင်ပစ် တာတိုပစ် ဒုံးတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။

ဒီဒုံးကျည်တွေရဲ့ အဝန်းအဝိုင်း အချင်းဟာ ၇၀၀-၇၅၀ မီလီမီတာ ရှိတာကြောင့် မြောက်ကိုရီးယားနိုင်ငံက ၂၀၁၇ ဖေဖော်ဝါရီလအတွင်းက ထုတ်ပြထားတဲ့ ၆၀၀ မီလီမီတာ အချင်းရှိတဲ့ နျူကလီးယားထိပ်ဖူးကို တင်ဆောင်နိုင်စွမ်းတယ်လို့ ယင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ဒါအပြင်လည်း ဒီ ဒုံးကျည်တွေဟာ အလေးချိန် ၅၀၀ ကီလိုဂရမ် ဒုံးထိပ်ဖူးတွေကို တင်ဆောင်စွမ်းပေမယ့် ပြုံယမ်းဟာ ဒီ ဒုံးကျည်တွေကို နျူကလီးယား ထိပ်ဖူးတပ်ပြီး ပစ်လွှတ်ဖို့ ရည်ရွယ်သလားဆိုတာတော့ မရှင်းလင်းကြောင်း ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာ ဂျီ-၇ နိုင်ငံတွေနဲ့ အွန်လိုင်းညီလာခံအပြီးမှာ မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားဆွေးနွေးပွဲတွေဆီ ရောက်ရှိလာဖို့ ဆက်လက်ဖိအားပေးသွားဖို့ အကြံပြုခဲ့ပါတယ်။“ဂျီ-၇ နိုင်ငံတွေနဲ့ နိုင်ငံတွေ အားလုံးအနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေဆီ မြောက်ကိုရီးယား ပြန်လာဖို့အတွက် တိုက်တွန်းဖိအားပေးရာ ညီညွတ်ကြစေလိုပါတယ်။”လို့ ပွန်ပီယိုက နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Rf; The Korea Herald
Writer_ မောင်သံဆင့်(XYZ News)

Ads