အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကို ရည်ရွယ်ချက်နှင့် တမင်တကာဖြန့်နေသူများသည် အကြမ်းဖက်သမားများအဖြစ် တရားစွဲခံရလိမ့်မည်ဟု တရားရေးဌာန နံပါတ်၂အရာရှိက ပြောကြားလိုက်ပါတယ်။
နိုင်ငံအနှံ့အပြားသို့ ကူးစက်ရောဂါက အရှိန်အဟုန်နှင့် ပျံ့နှံ့နေပြီး စီးပွားပျက်ကပ်အန္တရာယ်ကို စိုးရိမ်နေကြချိန်တွင် ဂျက်ဖရီ ရိုဆင်က အခုလို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။  “ကိုရိုနာဗိုင်းရပ်စ်ဟာ ဇီဝပစ္စည်းအဖြစ် အဓိပ္ပာယ်ဖွင့်နိုင်တာကြောင့် ရည်ရွယ်ချက်နဲ့ တမင်တကာဖြန့်တဲ့ လုပ်ရပ်တွေဟာလည်း အကြမ်းဖက်မှုသဘောသက်ရောက်ပါတယ်။ အမေရိကန်တွေကို တိုက်ခိုက်ဖို့ Covid-19 ကို လက်နက်အဖြစ် အသုံးချဖို့ ကြိုးစားမှုမှန်သမျှကို သည်းခံမှာ မဟုတ်ပါဘူး”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

စီးပွားရေးပညာရှင်တွေကလည်း စီးပွားရေးပျက်ပြားမှုဟာ မဟာဆုတ်ကပ်ကြီးကိုတောင် ကျော်သွားနိုင်တယ်လို့ သတိပေးနေကြပါတယ်။ “မေးခွန်းကတော့ လူမှုရေး ခွာမှုက ဘယ်လောက်ကြာမြင့်မှာလဲ။ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျနော်တို့ စမ်းတဝါးဝါး သွားနေကြတာ။ ကြုံခဲ့ဖူးသမျှနဲ့ တကယ်ကို ခြားနားပါတယ်။ ကြာလေ ပိုပြီး ခွာလေ ဖြစ်လာမယ်။ အလုပ်တွေ ပိုပိုပြီး ရပ်လာမယ်။ အလုပ်လက်မဲ့တွေလည်း ပိုပိုပြီးများလာမယ်။ ဆေးပညာနယ်ပယ်မှာ ကံကောင်းရင်တော့လည်း မြန်မြန်ဆန်ဆန် နလံထူလာမယ်။ ကံမကောင်းဘူးဆိုရင်တော့လည်း ပိုဆိုးလာမယ်ပေါ့”လို့ စီးပွားရေးပညာရှင် လူးဝစ် ရှိန်းနားက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခုအချိန်ထိ လူပေါင်း ၅၀၀၀၀ကျော် ကူးစက်ခံနေရပြီး ၇၀၀ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

Ref; PressTV
Writer_Aung Moe ( XYZ News )

Ads