ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တပ်ဖြန့်မယ် မျှော်လင့်ရတဲ့ တာဝေးပစ်လက်နက်ကြီးစနစ်ကို ရုရှနိုင်ငံဟာ ဆီးရီးယားဆီ ပေးပို့နေတယ်လို့ သိရပါတယ်။လူမှုမီဒီယာမှာ ရုရှလက်နက်တွေ ဆီးရီးယားဆီ ရောက်လာတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့အတူ ဌာနေသတင်းရင်းမြစ် အချက်အလက်တွေက အခု သတင်းကို အာမခံနိုင်ကြောင်း BulgarianMilitary.com က ကြားသိရပါတယ်။ပြီးခဲ့တဲ့ ရက်တွေအတွင်းက မြေပြင်အခြေစိုက် တိုက်ခိုက်ရေးစနစ် ပေးပို့မှုတွေမှာ ပြောင်းရှည် ၁၅၂ မီလီမီတာရှိ Msta-B ဟောင်ဝပ်ဇာအမြောက်ကြီးတွေလည်း ပါဝင်ပါတယ်။ ဒါကို ဆီးရီးယားစစ်တပ်က မတ် ၆ ရက်က စတင်တဲ့ အပစ်ရပ် စောင့်ကြည့်ရေး ရှိရာ အီဒလစ်ပြည်နယ် ရှေ့တန်းမှာ အသုံးချဖို့ ဝယ်ယူခဲ့ပုံ ရပါတယ်။

အီဒလစ်နဲ့ အလီပိုပြည်နယ်တွေမှာ တူရကီက T-155 Firtina အမြောက်ကြီးတွေ တိုးပြီး တပ်ဖြန့်ချထားလာချိန်မှာပဲ အခု သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။အီဒလစ်ပြည်နယ် အရှေ့ပိုင်းက ဆာမင်းမြို့မှာ မကြာသေးခင်က 155 မီလီမီတာ ဟောင်ဝပ်ဇာအမြောက်ကြီးကိုလည်း မကြာသေးခင်က မြင်တွေ့ရပါတယ်။Msta-B ဟာ အကွာအဝေး ၃၀ ကီလိုမီတာအထိ ရောက်နိုင်ပြီး လောင်ချာကျည်စစ် သုံးတဲ့ အခါ အများဆုံး ၄၀ ကီလိုမီတာအထိ ရောက်နိုင်ပါတယ်။ တကယ်လို့ ရုရှရဲ့ တာဝေးပစ် အမြောက်ကြီးတွေ ဆီးရီးယားက ဝယ်ယူတာ အမှန်ဆိုရင်တော့ ဆီးရီးယားဟာ တူရကီနယ်စပ် အီဒလစ်ပြည်နယ်က အစ္စလာမ္မစ်စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်း ရှိတော့မှာပဲ ဖြစ်ပါတယ်။

Rf; BulgarianMilitary.com
Writer_ မောင်သံဆင့်(XYZ News)

Ads