ဆီးရီးယားရှိ ရုရှပြန်လည်ရင်ကြားစေ့ရေးစင်တာ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး အိုလက်ဂေါ်ရယ်လက်ဖ်က ရုရှစစ်တပ်တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တူရကီစစ်တပ် ကင်းလှည့်လမ်းကြောင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထောင်ထားခဲ့ကြောင်း ပြောပါတယ်။ “ဆူဖာဟန်အရပ်မှာ တူရကီကင်းလှည်ယာဉ်တန်း ဖြတ်သန်းချိန် ထောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထပေါက်ကွဲပါတယ်။ အဲဒီမှာ ယာဉ်နှစ်စီး ပျက်စီးပြီး တူရကီစစ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်။”လို့ ၎င်းက ပြောပါတယ်။

အီဒလစ်ပြည်နယ်အတွင်းက အခြေအနေ မငြိမ်မသက်ဖြစ်အောင် တူရကီ မထိန်းချုပ်နိုင်တဲ့ စစ်သွေးကြွအုပ်စုတွေက ဆက်လက်လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ အိုလက်က ပြောပါတယ်။

တူရကီကို သစ္စာခံတဲ့ လက်နက်ကိုင်ဂိုဏ်အဖွဲ့တွေ စောင့်ကြည့်နေချိန်မှာ အပစ်ရပ်ကို ချိုးဖောက်တာမျိုး မရှိပေမယ့် စစ်သွေးကြွအုပ်စုတွေဟာ အီဒလစ်ပြည်နယ်အတွင်း ၂၄ နာရီအတွင်း ခုနစ်ကြိမ်တိုင်တိုင် ဖောက်ခွဲရေး စစ်ဆင်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ၎င်းက အလေးအနက်ထား ပြောပါတယ်။

“ရုရှပြည်လည်ရင်ကြားစေ့ရေးစင်တာဟာ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်နဲ့ အပစ်ရပ်ကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ လုပ်ဆောင်ချက်တွေကို စွန့်လွှတ်ဖို့ တိုက်တွန်းထားပါတယ်။”လို့ ၎င်းက အဆုံးသတ် ပြောခဲ့သည်။

Rf; Syriahr
Writer_ မောင်သံဆင့်(XYZ News)

Ads