မြောက်ကိုရီးယားနိုင်ငံရဲ့ နုံချာတဲ့ ကျန်းမာရေး စနစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ပြိုလဲသွားနိုင်တဲ့ အခြေအနေမှာပဲ နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာအဆက်အသွယ်တွေဆီကနေ အားချင်းအကူအညီတွေ ရရှိဖို့ ကြိုးစားလျက်ရှိတယ်လို့ Fanancial Times သတင်းစာက ဖော်ပြပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ အကူအညီတွေ တောင်းခံထားခဲ့တာဖြစ်တယ်လို့ နီးစပ်တဲ့ လူတွေက ပြောကြောင်း သတင်းစာက မတ် ၂၆ ရက်နေမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး အကူအညီတောင်းခံတဲ့ စာတစ်စောင်ကိုလည်း မြင်တွေ့ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံတွင်းက အခြေအနေကို တိုက်ရိုက်သိရှိနေသူတစ်ဦးကို ကိုးကားဖော်ပြရာမှာ ဇန်နဝါရီလအတွင်းက ပြည်ပကနေ ဝင်ရောက်လာသူတွေထဲက အနည်းဆုံး ၅၉၀ ဦးကို စမ်းသပ်ခဲ့ရာမှာ ကိုရိုနာမရှိဘူးလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အစပြုရာ တရုတ်နဲ့ အဆိုးဆုံး ကူးစက်နေတဲ့ နိုင်ငံတွေမှာ အပါအဝင်ဖြစ်တဲ့ တောင်ကိုရီးယားတို့နဲ့ နယ်စ်ထိစပ်နေတဲ့ မြောက်ကိုရီးယား ဗိုင်းရပ်စ် ကူးစက်မှု မရှိသေးဘူးလို့ အတည်ပြုထားပါတယ်။

ဒါပေမယ့် သံတမန်တွေနဲ့ ပညာရှင်တွေကတော့ သဲလွန်စကောက်ယူနေပြီး သိရှိရဖို့ ခက်ခဲလျက် ရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ဟာ အထီးကျန်ပြီးသား ၎င်းရဲ့နိုင်ငံကို တရားဝင်ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကို ဆိုင်းငံ့ပြီး ဗိုင်းရပ်စ် မဝင်နိုင်အောင် ဇန်နဝါရီလကစလို့ နယ်စပ်ကို ချိတ်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

Rf; The Straits Times
မောင်သံဆင့်(XYZ News)

Ads