နေတိုးအုပ်စုက တင့်ကားတွေထက် ပိုပြီး ခေတ်မီဆန်းပြားတဲ့ ရုရှရဲ့ T-95 စစ်တင့်ကားအကြောင်းကို အမေရိကန် National Interests မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ဆန်းသစ်ထားတဲ့ ရုရှ T-95 စစ်တင့်ကားဟာ တင့်ကားမောင်းသူတိုင်းအတွက် အိပ်မက်တစ်ခုဖြစ်ခဲ့သလို အသုံးပြုခဲ့ရင် နေတိုးအတွက် အိပ်မက်ဆိုး ဖြစ်လာတော့မယ်လို့ Sputnik သတင်းကလည်း ဖော်ပြပါတယ်။

“အဆင့်မြင့်တဲ့ ရွေ့လျားတင့်ကားပါပဲ။ အပြည့်အဝ ကျည်ကာတယ်။ ပစ်ခတ်မှုပါဝါလည်း အတိုင်းထက် အလွန်ပဲ။”လို့ ယင်းသတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။T-95 တင့်ကားတွေရဲ့ ပြောင်းအရှည်ဟာ ၁၅၂ မီလီမီတာ ရှိကြောင်း ဆောင်းပါးရေးသားသူက ဆိုပါတယ်။ ဒါဟာဆိုရင် ဂျာမနီက Rheinmetall က ထုတ်လုပ်တဲ့ တင့်တွေအပါအဝင် အနောက်အုပ်စုက အလားတူ တင့်ကားတွေရဲ့ ပြောင်းအရှည်က ၁၂၀ မီလီမီတာပဲ ရှိတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

၁၅၂ မီလီမီတာ ပြောင်းအရှည်ရှိတာကြောင့် T-95 ဟာ ရွေ့လျားမှု အတိုင်းအတာမှာ ပိုပြီး ခွင်ကျယ်ပါတယ်။ လက်ရှိ T-14 Armata တင့်တွေမှာ တပ်ဆင်ထားတဲ့ ဒီဇယ်အင်ဂျင်ကိုလည်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။

T-95 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ မရပေမယ့် အသက်ပါတဲ့ ကာကွယ်ရေးစနစ်မှာတော့ အံ့မခန်းရှိမှာတော့ သေချာပါတယ်။

T-95 တွေကို ၁၉၈၈ က စတင်ထုတ်လုပ်ခဲ့တယ်ဆိုပြီး မှတ်ချက်မပြုထားသင့်ပါ။ ထုတ်လုပ်ချိန်ကတည်းက နေတိုးရဲ့ သံချပ်ကာတင့်ကားတိုင်းထက် သာလွန်စေရမယ်ဆိုပြီး ထုတ်လုပ်ခဲ့တဲ့ ဒီ တင့်ကားတွေဟာ အခုဆိုရင် ရုရှအတွက် ပိုပြီး ပစ်ခတ်မှု ထိရောက်ပြီး ဆိုဗီယက်တင့်ကားဟောင်းတွေထက် ပစ်ခတ်ပါဝါ ပိုလို့ ကြောက်စရာအဖြစ် ထုတ်လုပ်ထားတော့တာပဲ ဖြစ်ပါတယ်။

Rf; mbs news
Writer_ မောင်သံဆင့်(XYZ News)

Ads