တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မူဒဏ်ကို အဆိုးရွားဆုံးခံစားနေရတဲ့ ဥရောပတိုက်ရဲ့ အင်္ဂလန်နိုင်ငံမှာတော့ ဝေလ်းမင်းသားလို့လူသိများတဲ့ မင်းသားကြီး Prince Charles ဟာကိုရိုဗိုင်းရဗ်စ်ကူးစက်ခံလိုက်ရပြီလို့ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ တာဝန်ရှိသူတွေရဲ့သတင်းထုတ်ပြန်ချက်တွေအရ မင်းသားကြီးဟာ ဗိုင်းရဗ်စ်ကူးစက်ခံထားရပေမယ့် ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့ဆိုပါတယ်။

မင်းသားကြီး Prince Charles ဟာ ကိုရိုနာဗိုင်းရဗ်စ်ကူးစက်ခံရလိုက်ရတာကြောင့် စကော့တလန်မှာရှိတဲ့သူ့ရဲ့နန်းတော်မှာ သီးခြားခွဲထားပြီးစောင့်ကြည့်ခံရတော့မှာဖြစ်တယ်လို့သိရပါတယ်။ နောက်ဆုံးရရှိထားတဲ့အသတင်းတွေအရ အင်္ဂလန်နိုင်ငံမှာ ကိုရိုဗိုင်းရဗ်စ်ကူးစက်ခံရသူ 8,077 အထိရှိနေပြီး သေဆုံးသူဦးရေကတော့ စုစုပေါင်း 422 ဦးအထိရှိလာပြီဖြစ်ပါတယ်။

အခုလို့ဥရောပတိုက်က နိုင်ငံတွေမှာ အခြေအနေတွေ ဆိုးရွားနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကတော့ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပျံ့နှံ့စေတဲ့ ဗဟိုချက်မသစ် ဖြစ်လာဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

နယူးယောက် မြို့တော်ဝန် ဘီလ်ဒီဘလာဆီယိုက သူတို့ဟာ ဗဟိုချက်မ မဖြစ်လိုပေမယ့် သူတို့ဟာ ဒီနိုင်ငံ ကပ်ရောဂါအတွက် ဗဟိုချက်မ ဖြစ်နေတယ်လို့ ပြောပါတယ်။

နယူးယောက်မြို့မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄,၇၇၆ ဦး ရှိပြီး ဒီကနေ့အထိ သေဆုံးသူ ၁၃၁ ဦး ရှိပါတယ်။

မတ် ၂၅ ရက် Worlometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၄,၀၀၀- ကျော်ရှိပြီး သေဆုံးသူ ၇၈၂- ဦး ရှိပါတယ်။

ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၁၉၇ ခုမှာ စုစုပေါင်း ကူးစက်ခံရသူ ၄၂၂,၉၄၁ ဦး ရှိလာပြီး စုစုပေါင်း သေဆုံးသူက ၁၈,၉၀၇ ဦး ဖြစ်ပါတယ်။

Ref; The Guardian
Writer_HULK ( XYZ News )