တောင်ဥက္ကလာပမြို့နယ်မှာ အင်္ဂလန်က ပြန်လာသူကို စစ်ဆေးဖို့သွားရောက်ရာမှာ လက်မခံတဲ့အတွက် ရဲအကူအညီနဲ့စစ်ဆေးခဲ့ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
အသက် ၃၆နှစ်အရွယ် အဲဒီအမျိုးသားဟာ အင်းစိန်မြို့နယ်မှာတွေ့ခဲ့တဲ့ ကိုဗစ် -၁၉ အတည်ပြုလူနာနဲ့အတူ လေယာဉ်တစ်စီးတည်း စီးပြန်လာသူဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့ကို လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး နေအိမ်အတွင်းမှာ အစောင့်အကြပ်နဲ့အတူ ၁၄ရက်သီးသန့်စောင့်ကြည့်သွားမယ်လို့ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ အတည်ပြုလူနာ ၃ဦးရှိနေပြီး အားလုံးက ပြည်ပက ပြန်လာသူတွေ ဖြစ်ပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။ )

Ads