နယူးယောက်မြို့တော်ဝန် အန်ဒရူး ကူယိုမိုက Covid-19ဟာ သူ့ပြည်နယ်ထဲမှာ ကျည်ဆံရထားထက်ပိုမြန်န်တဲ့နှုန်းနဲ့ ပျံ့နှံ့နေတယ်လို့ သတိပေးလိုက်ပြီး ဆေးပစ္စည်းအထောက်အပံ့တွေ တောင်းခံလိုက်ပါတယ်။
“ထင်တာထက် ပိုမြင့်မားတယ်။ အထွတ်အထိပ်က ကျနော်တို့ ထင်ထားတာထက် ပိုမြန်မြန်ရောက်လာနေပြီ”လို့ မစ္စတာ ကူယိုမိုက အင်္ဂါနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖက်ဒရယ်အစိုးရကလည်း အကျပ်အတည်းကို အန်တုဖို့ အသက်ကယ်ပစ္စည်းတွေကို လုံလုံလောက်လောက် ပို့မပေးဘူးလို့လည်း ၎င်းက ပြောကြားပါတယ်။

နယူးယောက်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း အတည်ပြုထားသူ ၂၅၀၀၀ရှိနေပြီး အခုအချိန်အထိ အနည်းဆုံး ၂၁၀ဦး သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ အမေရိကန်ပြည်ထောင်စုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရဲ့ ဗဟိုချက်နေရာအသစ် ဖြစ်လာနိုင်တဲ့အလားအလာရှိတယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
အမေရိကဟာ နောက်လမှာ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတဒေါ်နယ် ထရမ့်က ပြောကြားနေတုန်းမှာပဲ အခုလိုသတိပေးချက် ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။
“အခုချက်ချင်း ဖက်ဒရယ်အစိုးရရဲ့ အကူအညီလိုနေတယ်”လို့ ဒီမိုကရတ်တစ်ဦးဖြစ်တဲ့ မစ္စတာ ကူယိုမိုက ပြောကြားပါတယ်။

“နယူးယောက်ဟာ အန္တရာယ်ရှေ့ပြေးပဲ။ နယူးယောက်မှာ ဖြစ်နေတာဟာ ကယ်လီဖိုးနီးယားနဲ့ အီလီနွိုက်စ်မှာလည်း အနှေးနဲ့အမြန် ဖြစ်လာမှာပါပဲ”လို့ ၎င်းက ပြောကြားပါတယ်။
ဒါ့အပြင် ကူယိုမိုက ဖက်ဒရယ်အရေးပေါ်ဌာနက နယူးယောက်ကို အသက်ရှူကိရိယာ ၄၀၀ပဲ ပေးပို့လိုက်တာကိုလည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။
“သေကောင်ပေါင်းလဲလူနာက ၂၆၀၀၀တောင်ရှိတာ အသက်ရှူကိရိယာ ၄၀၀ပဲ ပို့တော့ ဘယ်လိုလုပ်ရမလဲ”လို့ ကူယိုမိုက ငြီးတွားပါတယ်။
လက်ရှိ နယူးယောက်မှာ အသက်ရှူကိရိယာ ၇၀၀၀ပဲ ရှိနေပြီး အမှန်တကယ်လိုအပ်တာက ၃၀၀၀၀ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။

Writer : AungMoe (XYZ News)

Ref : BBC

Ads