ဆီးရီးယားနိုင်ငံ လာတာကီယာအရပ်က ရုရှစစ်စခန်းတစ်ခုကို မတ် ၂၄ ရက်က မောင်းသူမဲ့ ဒရုန်းယာဉ်တွေနဲ့ အကြမ်းဖက်သမားတွေက လာရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။အကြမ်းဖက်သမားတွေရဲ့ မောင်းသူမဲ့ ဒရုန်းတွေဟာ ခါမိုင်မင်လေတပ်စခန်းကို ချည်းကပ်လာတာဖြစ်ပြီး လေတပ်စခန်းရဲ့ လေရန်ကာစနစ်က ချည်းကပ်လာချိန်မှာပဲ ပစ်ချခဲ့တယ်လို့ အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။ဒီ ထိပ်တိုက်တွေ့မှုမှာ အရပ်သားတွေကြား သေကျေပျောက်ဆုံးမှု မရှိခဲ့ပါ။ ဆီးရီးယားက ခါမိုင်မင်လေတပ်စခန်းဟာ ရုရှလေတပ်အုပ်စုတွေ တပ်ချထားတာ ဖြစ်ပြီး ရုရှနဲ့ ဆီးရီးယား လေရန်ကာစနစ်တွေ လွှမ်းခြုံထားတာ ဖြစ်ပါတယ်။

ဒီ ခါမိုင်မင်လေတပ်စခန်းက ရုရှရဲ့ လေရန်ကာစနစ်ကနေပြီး ဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လက်နက်တပ်ဆင်ထားတဲ့ ဒီ ဒရုန်းယာဉ်တွေဟာ အီဒလစ်ပြည်နယ်က စစ်သွေးကြတွေ ထိန်းချုပ်ရာ နယ်မြေကနေ လွှတ်တင်လိုက်တာ ဖြစ်ကြောင်း ဆိုပါတယ်။ ဂျက်အယ်မြို့ပေါ်မှာ ဒရုန်းတွေကို လေကြောင်းရန်ကာစနစ်ကနေပြီး ဖြစ်ချလိုက်တာဖြစ်ပါတယ်။

၂၀၁၅ စက်တင်ဘာအကုန်ကလည်း ဥရောပဆိုင်ရာ နေတိုးမဟာမိတ်တပ်မှူး ဗိုလ်ချုပ်ကြီး ဖိလစ်ဘရိဒ်လက်ဖ်က ဆီးရီးယားမှာ ရုရှရဲ့ လေကြောင်းရန်ကာစနစ်အပါအဝင်ဖြစ်တဲ့ စစ်ရေးတပ်ဆင်မှုဟာ မပျံသန်းရ ဇုန်ထဲမှာ ရှိနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Rf; Bulgarian Military.com
Writer_ မောင်သံဆင့်(XYZ News)