ကနေဒါ နိုင်ငံက အသက် (၅၁) နှစ်ရှိပြီး ကီဗင်ဖက်စ်လို့ အမည်ရတဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည် တွေကြောင့် ကမ္ဘာ့အသန်မာဆုံး လူသားအဖြစ် သတ်မှတ်ခံခဲ့ရ ပါတယ်။ ကီဗင်ဖက်စ်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဒွန်မောင်း လေဆိပ်မှာ ကမ္ဘာအကြီးဆုံး လေယာဉ်တွေ ထဲမှာ ပါဝင်တဲ့ Airbusအမျိုးအစား A 320-200 လေယာဉ်ကို ဆွဲပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့ ပါတယ်။

ဒီလေယာဉ်ဟာ အလေးချိန် အားဖြင့် (၆၅) တန်ရှိပြီး ခရီးသည် (၁၈၀) ဦး စီးနင်းနိုင်ပါတယ်။ သူရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ဒီလေယာဉ်ကြီးကို (၅၃) စက္ကန့် အတွင်း မီတာ (၂၀) အထိ ရောက်အောင် ဆွဲပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကီဗင်ဖက်စ်ဟာ အလေးချိန် (၁၈၈ ဒသမ ၈၃) တန်လေးတဲ့ CC-177 Globe master လေယာဉ်ကြီးကိုလည်း (၈ ဒသမ ၈ ) မီတာ အထိ ရောက်အောင် ဆွဲပြခဲ့ခြင်းကို ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့ဖူး ပါတယ်။

ဒါ့အပြင် အမေရိကန် ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ စွမ်းရည်ပြမှုမှာတော့ အလေးချိန် (၅၇၂၄၃) ကီလိုရှိတဲ့ ကားကြီး ကို ပေ (၁၀၀) အထိ ရောက်အောင် ဆွဲပြနိုင်ခဲ့ ပါတယ်။ ဒီလို ထူးခြားတဲ့ စွမ်းရည်တွေရှိ ထားတဲ့ ကီဗင်ဖက်စ်ကို ကမ္ဘာ့အသန်မာဆုံး လူသားအဖြစ် သတ်မှတ်ထားတာ ဆန်းတယ်လို့ မဆိုနိုင်တော့ပါဘူး။

zawgyi – ကေနဒါ ႏိုင္ငံက အသက္ (၅၁) ႏွစ္ရွိၿပီး ကီဗင္ဖက္စ္လို့ အမည္ရတဲ့ ထူးျခားတဲ့ စြမ္းေဆာင္ရည္ ေတြေၾကာင့္ ကမာၻ ့အသန္မာဆံုး လူသားအျဖစ္ သတ္မွတ္ခံခဲ့ရ ပါတယ္။ ကီဗင္ဖက္စ္ဟာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာ ဒြန္ေမာင္း ေလဆိပ္မွာ ကမာၻအႀကီးဆံုး ေလယာဥ္ေတြ ထဲမွာ ပါ၀င္တဲ့ Airbusအမ်ဳိးအစား A 320-200 ေလယာဥ္ကို ဆြဲျပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ျပသသြားခဲ့ ပါတယ္။

ဒီေလယာဥ္ဟာ အေလးခ်ိန္ အားျဖင့္ (၆၅) တန္ရွိျပီး ခရီးသည္ (၁၈၀) ဦး စီးနင္းႏိုင္ပါတယ္။ သူရဲ႕ ခႏၶာကိုယ္ကို အသံုးျပဳၿပီး ဒီေလယာဥ္ႀကီးကို (၅၃) စကၠန္႔ အတြင္း မီတာ (၂၀) အထိ ေရာက္ေအာင္ ဆြဲျပခဲ့ျခင္း ျဖစ္ပါတယ္။ ဒါ့အျပင္ ကီဗင္ဖက္စ္ဟာ အေလးခ်ိန္ (၁၈၈ ဒသမ ၈၃) တန္ေလးတဲ့ CC-177 Globe master ေလယာဥ္ႀကီးကုိလည္း (၈ ဒသမ ၈ ) မီတာ အထိ ေရာက္ေအာင္ ဆြဲျပခဲ့ျခင္းကို ကေနဒါႏိုင္ငံမွာ ျပဳလုပ္ခဲ့ဖူး ပါတယ္။

ဒါ့အျပင္ အေမရိကန္ ျပည္ေထာင္စုမွာ ျပဳလုပ္ခဲ့တဲ့ စြမ္းရည္ျပမႈမွာေတာ့ အေလးခ်ိန္ (၅၇၂၄၃) ကီလိုရွိတဲ့ ကားႀကီး ကို ေပ (၁၀၀) အထိ ေရာက္ေအာင္ ဆြဲျပႏိုင္ခဲ့ ပါတယ္။ ဒီလို ထူးျခားတဲ့ စြမ္းရည္ေတြရွိ ထားတဲ့ ကီဗင္ဖက္စ္ကို ကမာၻ ့အသန္မာဆံုး လူသားအျဖစ္ သတ္မွတ္ထားတာ ဆန္းတယ္လို႔ မဆိုႏိုင္ေတာ့ပါဘူး။

Writer : Min Thu (XYZ News)

Ads