ဆရာဝန်တွေဟာ အမျိုးသမီးတစ်ယောက်မှာ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ အခြေအနေတစ်ရပ်ကို မျက်ဝါးထင်ထင် မြင်နေကြရပါပြီ။ အဲဒါကတော့ သူမဟာ အရက်ကို တစ်စက်ကလေးမှ မသောက်ဘဲ ဆီးသွားတဲ့အခါ အရက်တွေ ဖြစ်နေတာပါပဲ။အမည်မဖော်ပြတဲ့လူနာအမျိုးသမီးဟာ ကမ္ဘာပေါ်မှာတော့ ဆီးအလိုလျောက်အရက်ချက်ရောဂါလက္ခဏာနဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပါပြီး သူမရဲ့ သည်းခြေအိတ်ထဲက တစေး (yeast)တွေက ဆီးထဲက သကြားတွေကို အချဉ်ဖောက်ပြီး အရက်အဖြစ် ထုတ်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ဘီယာချက်သူတွေသာ လုပ်လေ့လုပ်ထရှိတဲ့ နည်းစဉ်အတိုင်းဖြစ်ပေမယ့်ညလ်း အခု အဲဒီနည်းစဉ်က သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတာပဲ ဖြစ်ပါတယ်။

ဆီးကို ဓာတ်ခွဲကြည့်တဲ့အခါတိုင်းမှာ ပေါ့စတစ်(positive)ပဲ ပြနေလို့ အစပထမမှာတော့ ဆရာဝန်တွေက သူမဟာ ခွက်ပုန်းကစ်နေတဲ့ အရက်သမားလားလို့ သံသယဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပစ်ဘာ့တက္ကသိုလ်ဆေးရုံက ကင်နီချီ တာမာမာက ပြောကြားရာမှာတော့ ဆီးချိုနဲ့ အသည်းချွတ်ယွင်းတဲ့ ရောဂါတွေ ရှိနေတဲ့ အမျိုးသမီးကို အသည်းအစားထိုးဖို့ ထောက်ခံချက်ပေးထားပေမယ့်လည်း နောက်ပိုင်းမှာ အလှူရှင်စောင့်ဆိုင်းစာရင်းက ဖယ်ထုတ်လိုက်ပြီး ဘယ်တုန်းကမှ အရက်မသောက်ခဲ့ဘူးလို့ အတန်တန်ငြင်းနေတဲ့ကြားက အရက်ဖြတ်ကုထုံးနဲ့ ပြောင်းကုခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း သွေးထဲမှာ အရက်ပါဝင်မှုကို အကြိမ်ကြိမ် စစ်ဆေးကြည့်တဲ့အခါမျာ နဂတစ်(negative)ပဲ ပြပြနေလို့ သွေးထဲမှာ အရက်မရှိဘူးဆိုတာတော့ သေချာလာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ့အစား ပါရဂူတွေဟာ သူမရဲ့ ခန္ဓာကိုယ်က သဘာဝအလျောက်ထုတ်ပေးနေတဲ့ တစေးပမာဏက မြင့်မားလွန်းနေပြီး သည်းခြေမှာ စုနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
တစေးဆိုတာက ဘီယာချက်သူတွေ သုံးလေ့ရှိတဲ့ ရေညှိတစ်မျိုးပဲ ဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်တွေကို အရက်အဖြစ် ပြောင်းလဲတဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။

စမ်းသပ်မှုတွေအရ ဒီပြောင်းလဲမှုလုပ်ငန်းစဉ်ဟာ သူမရဲ့ သည်းခြေမှာ အလုပ်လုပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ဆရာဝန်တွေ အံ့သြတုန်လှုပ်သွားကြတာပေါ့။ အစတုန်းကတော့ လူနာက အရက်စွဲနေတာကို ဖုံးကွယ်ထားခဲ့ကြတယ်လို့ ထင်ခဲ့ကြတာ။ ဒီအရက်ကပဲ သူမကို ခြောက်လှန့်နေခဲ့တာပေါ့”လို့ ကင်နီချီက ပြောကြားခဲ့ပါတယ်။

Ref; Metro / Woman pees alcohol despite not drinking a drop
Writer_Aung Moe ( XYZ News )

 

Ads