လော့အိန်ဂျလိစ် မှာ အခြေစိုက်ထားတဲ့ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Humai ကုမ္မဏီတည်ထောင်သူ Josh က Bocanegra က သြစတြေးလျ ပေါ်ပြူလာ သိပ္ပံ သတင်းဌာနနဲ့ အင်တာဗျူးမှာ သူတို့ရဲ့ နည်းပညာသာ ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ပြီးသွားရင်တော့ သေဆုံးသွားသူတွေရဲ့ခန္ဓာကိုယ်တစ်ခုအတွင်းကို ဦးနှောက်တစ်ခု အစားထိုးပြီး ပြန်အသက်သွင်းနိုင်မယ် အခိုင်အမာ ဆိုထားပါတယ်။

စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုပဲ သူတို့အနေနဲ့ AIနည်းပညာ ကို အသုံးပြုပြီး လူသားတွေရဲ့ ပြန်လည် ရှင်သန်ထမြောက်လာခြင်း အတွက် လုပ်ဆောင်နေတယ်လို့ အခိုင်အမာဆိုထားပါတယ်။ သူတို့တွေ မျှော်လင့်ထားကြတာကတော့ ဘိုင်အိုနစ် နည်းပညာ ၊ နာနိုနည်းပညာ နဲ့ Artificial Intelligence တို့ဟာလာမယ့် ဆယ်စုနှစ် ၃ ခု အတွင်း အဆင့်သင့် ဖြစ်လာလိမ့်မယ် ဆိုတာပါ။

သေဆုံးသွားတဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်တွေ အချက်အလက်တွေ ဆက်လက်ကျန်ရှိနေဖို့အတွက် AI နဲ့ Nano နည်းပညာတို့ကို အသုံးပြုပြီး စကားပြောပုံစံများ ၊ အမူအကျင့်ဆိုင်ရာ Pattern များ ရဲ့ ဒေတာ အချက်အလက်တွေကို သိမ်းဆည်းကာ ခန္ဓာကိုယ်တစ်ခု ရဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးမယ့် သတင်းအချက်အလက်တွေအဖြစ် ထည့်သွင်းကျမှာဖြစ်ပါတယ်။

ထို ဒေတာတွေဟာ ဆင်ဆာနည်းပညာများစွာ အဖြစ် ကုဒ်စနစ် နဲ့ ပြောင်းလဲသွားမှာဖြစ်ပြီး ဖန်တီးထားတဲ့ ခန္ဓာကိုယ်တစ်ခုထဲကို လူတစ်ယောက်ရဲ့ ဦးနှောက်အသွင်နဲ့ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံနည်းပညာအရ ကိုယ်ပွားနည်းပညာတစ်ခုဖြစ်တဲ့ Cloning Technology ကို အသုံးပြုပြီး ထို ဦးနှောက်တွေကို အသက်အရွယ်နဲ့ အတွေ့အကြုံသစ်တွေအတွက် ပြန်လည် သိုလှောင်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ ဒီနည်းပညာအောင်မြင်ခဲ့ရင်တော့ ကျွန်တော့်တို့တွေ အသစ်တစ်ဖန်ပြန်လည် မွေးဖွားလာနိုင်ကြတော့မှာပါ။

Ads