ချစ်သူ သေဆုံးခဲ့လို့ အသည်းကွဲနေတဲ့ အမျိုးသားတဦးဟာ အိမ် မွေးမြွေမတကောင်ကို သူ့ချစ်သူ ပြန်ဝင်စားတာလို့ ယူဆပြီး လက်ထပ်ခဲ့တဲ့သတင်းဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။အမည်မဖော်ပြထားတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ ၅ နှစ်က သူ့ချစ်သူ ကွယ်လွန်ခဲ့လို့ စိတ်မချမ်းမြေ့ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ၁၀ ပေအရှည်ရှိတဲ့ မြွေဟောက်မကို သူရဲ့ချစ်သူနဲ့ ‘ဆင်တူတယ်’လို့ တွေ့ပြီး ဗုဒ္ဓရဲ့တရားတော်အရလည်း သေသွားတဲ့လူတွေဟာ တိရစ္ဆာန်ဘဝကို ပြန်ဝင်စားနိုင်တယ်။ သူရဲ့ချစ်သူဟာ မြွေဘဝနဲ့ ပြန်ဝင်စားလာတယ်လို့ ထင်မြင်ယူဆပြီး ပြန်လည်လန်းဆန်း ရွှင်ပျလာတာပါ။

သူဟာအခု သူ့ဘဝကို မြွေမနဲ့အတူ အချိန်ကုန်ဆုံးနေပါတယ်။ ဝေါရာနန်လို့ ခေါ်တဲ့ အမျိုးသားက စင်ကာပူနိုင်ငံက ရေကန်တခုဘေးမှာ အဲဒီလူမြွေမနဲ့ အတူထိုင်နေတဲ့ ပုံအား မေရာသတင်းဌာနကို ပို့ခဲ့ပါတယ်။ထိုင်းနိုင်ငံ ကန်ချနဘူရီက ဝေါရာနန်က “အချစ်စစ်က အမှန်တရားပဲ။ ဒီလူ ထင်နေတာက သူရည်းစား ကောင်မလေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သေဆုံးပြီး ဒီအဖြူရောင် မြွေဟောက်မအဖြစ် ပြန်မွေးလာတယ်။”

“သူက ဒီမြွေမနဲ့ အချိန်ကုန်ဆုံးရတာ၊ စကားပြောရတာ၊ ကစားရတာကို ပျော်တယ်။ ဒီမြွေကို သူ့ကောင်မလေးလို့ ယူဆပြီး တော်တော်လည်း ဂရုစိုက်တယ်။ မြွေမနဲ့ အဝေးမှာ ဘယ်တော့မှ မနေဘူး။ သူ ဘယ်သွားသွား ခေါ်သွားတယ်။ အိပ်ရင်တောင် အတူအိပ်တယ်။ ဒါပေမယ့် တိရစ္ဆာန်က တိရစ္ဆာန်ပဲဆိုတော့ ဒါက မင်းကို ဘယ်အချိန်မဆို အန္တရာယ်ပြုနိုင်တယ်” လို့ ပြောပါတယ်။

“မြွေနဲ့အတူနေတဲ့လူ ဆိုပြီး သူက နာမည်ကြီးတယ်။ သူ့ကို အန္တရာယ်ရှိတယ်လို့ အကြိမ်ကြိမ် သတိပေးပေမယ့်လည်း သူကတော့ ဒီလို မြွေနဲ့အတူတူ ဆက်နေတုန်းပါပဲ” လို့ ဝေါရာနန်က ဖြည့်ပြောပါသေးတယ်။

Ads