ကျန်းမာရေးTV showတွေမှာ အစာစားခြင်းနဲ့ရေသောက်ခြင်းကို တပြိုင်တည်းမလုပ်ဖို့ တားမြစ်ကြတာတွေ့ရပါတယ်။ဒါပေမယ့် အစာစားစဉ်ရေသောက်တာ အန္တရာယ်ရှိမရှိဆိုတာကို ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း လေ့လာတွေ့ရှိထားပါတယ်။

ရေနဲ့အစာတို့ဟာ အစာအိမ်ထဲမှာဘယ်လိုဖြစ်ကြသလဲ

ကျွန်ုပ်တို့ဟာနောက်ထပ်စားမယ့်ဟင်းပွဲအကြောင်းတွေးနေတုန်းမှာပဲ ယခုမျိုချလိုက်တဲ့အစာကိုအစာချေစနစ်က စတင်ချေဖျက်နေပါပြီ။ အစာများကို စတင်ဝါးလိုက်သည်နှင့်တပြိုင်နက် တံတွေးမှာပါသော အစာချေအင်ဇိုင်းများက ပျော့ပျောင်းစိုစွတ်အောင်ပြုလုပ်ပေးပါတယ်။ထိုအစာများသည် အစာအိမ်သို့ရောက်သောအခါအက်စစ်များနဲ့ထိတွေ့ပါတယ်။အကြမ်းဖျင်းအားဖြင့် အစာအိမ်ကနေ အစာချေဖျက်ဖို့ ၄နာရီကြာပါတယ်။ သိူ့သော် ရေကိုတော့ ၁၀မိနစ်လျှင် ၁၀အောင်စနှုန်းဖြင့်အစာအိမ်မှ ပြန်ထုတ်ပေးတာမို့ သင်အစာစားရင်းရေသောက်ခြင်းဖြင့် ရေဟာဗိုက်ထဲမှာ အကြာကြီးအိုင်ဖွဲ့မနေနိုင်ပါဘူး။ရေဟာ အစာများနဲ့တူတူ အစာအိမ်သို့ရောက်ရှိပြီး အစာထက်လျင်မြန်စွာ အစာအိမ်မှထွက်ခွာပါတယ်။

အရည်များဟာ အစာအိမ်ရဲ့အက်ဆစ်ဓာတ်ကို မထိခိုက်စေပါဘူး

လူ့ကိုယ်ခန္ဒာကို လိုက်လျောညီထွေစနစ်ဖြင့် တည်ဆောက်ထားပါတယ်။အစာအ်မ်ဟာ အစာမာတစ်ခုကိုမချေဖျက်နိုင်ပါက အင်ဇိုင်းများပိုမိုထွက်စေပြီး အစာအိမ်တွင်းမှအရည်များကို အက်ဆစ်ဓာတ်ပိုမိုမြင့်စေပါတယ်။သင်ဟာ ဂါလန်တစ်ဝက်စာပမာဏရှိ ရေကိုသောက်လျှင်တောင်မှ အစာအိမ်ရဲ့အက်ဆစ်ဓာတ်ကို သက်ရောက်ခြင်းမရှိပါဘူး။

အရည်များများသောက်ခြင်းဟာ အစာချေနှုန်းအပေါ် သက်ရောက်မှုမရှိပါဘူး

ရေသောက်ခြင်းဖြင့် အစာချေတာနှေးစေပြီး ဗိုက်ပြည့်စေတယ်လို့ လူအများသိထားကြပေမယ့် သက်သေပြချက်တော့မရှိသေးပါဘူး။အရည်ဟာ အစာထက် အစာအိမ်မှ မြန်မြန်ပြန်ထွက်နိုင်သော်လည်း အစာချေမှုကိုတော့ သက်ရောက်ခြင်းမရှိပါဘူး။

ဒါဆို အစာစားရင်းရေသောက်နိုင်သလား?

အစာစားရင်း ရေသောက်တာအန္တရာယ်မရှိဘူးဟု လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။သိူ့သော် အစာမမျိုချခင်မှာ ရေမသောက်သင့်ပါဘူး။

အစာစားရင်း ခဏခဏ ရေသောက်ခြင်းဖြင့် အစာစားခြင်းနည်းစေလို့ ဒိနည်းဖြင့် ကိုယ်အလေးချိန်ထိမ်းထားနိုင်ပါတယ်။
အလားတူ အစာစားစဉ် ရေနွေးကြမ်းသောက်ခြင်းဟာလဲ အစာအိမ်ရဲ့အက်ဆစ်ဓာတ်ကို သက်ရောက်မှုမရှိစေပါဘူး။

Writer dr Jue (XYZ News)

Ads