လူတစ်ယောက်အတွက် အမြင်အာရုံကလဲ မရှိမဖြစ်အရေးကြီးပါတယ်။ဒါပေမယ့် ကျွန်ုပ်တို့ကိုယ်တိုင်မသိလိုက်ပဲ အမြင်အာရုံကိုပျက်စီးအောင် နေ့စဉ်လုပ်နေမိတဲ့အရာတွေရှိပါတယ်။

-အလှပြင်ပစ္စည်းတစ်မျိူးတည်းကို ရေရှည်အသုံးပြုခြင်း

သင်သုံးနေသော အိုင်းလိုင်နာ အိုင်းရှဲဒိုး မက်စ်ကာရာစတာတွေကို ၃လထက်ပိုမသုံးမိစေဖို့ မျက်စိဆရာဝန်တွေက အကြံပေးထားပါတယ်။ဘတ်တီးရီးယားများစုပုံရာမှ မျက်စိကိုပိုးဝင်နိုင်လို့ဖြစ်ပါတယ်။

-ဂျူံအစားများခြင်း

ဂျူံက အင်ဆူလင်ကိုမြင့်တက်စေပါတယ်။အင်ဆူလင်မြင့်တက်ခြင်းဖြင့် မျက်စိသူငယ်အိမ်ကိုဆွဲဆန့်သလိုဖြစ်စေပြီး အဝေးမှုန်စေပါတယ်။ထိုကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားစရာဖြစ်နေပေမယ့် ဂျူံက မျက်စိကို ထိခိုက်စေတာတော့အမှန်ဖြစ်တယ်လို့ သက်သေပြထားပါတယ်။

-ဆရာဝန်ညွှန်ကြားချက်မပါပဲ မျက်စဉ်းဆေးများသုံးခြင်း

မျက်စဉ်းဆေးတွေက မျက်စိနာခြင်း သို့ ယားယံခြင်းကို ယာယီသက်သာစေပေမယ့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပါတယ်။

-ရေသောက်နည်းခြင်း

တစ်နေ့ကို ရေ၈ခွက်ထက်နည်းပြီးသောက်ပါက ရေဓာတ်အလုံအလောက်မရနိုင်ပါဘူး။ထိုအခါ မျက်ရည်အထွက်နည်းစေပြီးမျက်စိကိုခြောက်သွေ့စေပါတယ်။

-အိပ်စက်ချိန်နည်းခြင်း

သင့်မျက်စိကို အနားယူချိန်အလုံအလောက်မပေးပါက မျက်စိကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် မျက်ကွင်းညိုခြင်းနဲ့ အာရုံကြောအားနည်းခြင်းကိုဖြစ်စေပါတယ်။

-စာဖတ်တဲ့အခါ မျက်စိနဲ့အနီးကပ်ဖတ်ခြင်း

လူတစ်ယောက်ရဲ့စာဖတ်ပုံနဲ့မျက်စိကျန်းမာရေးဆက်စပ်နေကြောင်းကို သိပံပညာရှင်များ တွေ့ရှိထားပါတယ်။နေ့စဉ် မျက်စိနဲ့စာအုပ်ကိုအနီးကပ်ထားပြီးစာဖတ်တဲ့သူတွေဟာ အဝေးမှုန်ရောဂါ ဖြစ်နိုင်ချေများပြားပါတယ်။

-မျက်စိကိုလက်ဖြင့်မကြာခဏပွတ်ခြင်း

မျက်စိကိုမကြာခဏပွတ်ခြင်းဖြင့် မျက်ကြည်လွှာကိုထိခိုက်စေပါတယ်

-စိတ်ဖိစီးမှုများခြင်း

အလုပ်ခွင်မှာ စိတ်ဖိစီးမှုများခြင်းကြောင့် မျက်စိနာတာအောင့်တာပိုမိုအဖြစ်များပါတယ်။ အလုပ်ခွင်မှာ ပျော်သူတွေကတော့ မျက်စိအောင့်တာနည်းပါးပါတယ်။

-အိပ်ခါနီးမျက်ကပ်မှန်ချွတ်ဖို့မေ့ခြင်း

ကျွန်ုပ်တို့မျက်ကြည်လွှာဟာ နေ့ဘက်မှာ လေမှတဆင့်အောက်ဆီဂျင်ရရှိပြီး ညဘက်အိပ်စက်ချိန်မှာတော့ မျက်ရည်ကတဆင့် အစိုဓာတ်ရရှိပါတယ်။ထို့ကြောင့် သင်ဟာမျက်ကပ်မှန်မချွတ်ဘဲ အိပ်စက်ပါက လိုအပ်သောအစိုဓာတ်ကိုမရပဲ မျက်စိထိခိုက်စေပါတယ်။

Writer – Dr Jue (XYZ News)

Ads