မန်ကျည်းသီးကို မြန်မာပြည်မှာ ပေါများစွာတွေ့ရပါတယ်။မန်ကျည်းသီးဟာ ရင်အေးစေတယ် ဝမ်းမှန်စေတယ်ဆိုတာ သိကြပေမယ့် မန်ကျည်းစေ့မှာ အခြားကျန်းမာရေးကောင်းကျိုးတွေလဲရှိနေသေးတယ်နော်။ မန်ကျည်းစေ့မှာ ဖော့စဖိတ်၊ဗီတာမင်စီ၊မက်နီဆီယမ်နဲ့ကယ်ဆီယမ်တွေ ပါဝင်ပါတယ်။

(၁)မန်ကျည်းစေ့ရဲ့ အပြင်အခွံရဲရဲလေးဟာ ဝမ်းပျက်ခြင်းနဲ့ဝမ်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်

(၂)မန်ကျည်းစေ့တွင် xyloglycan ဆိုတဲ့ ဓာတ်တမျိူးပါဝင်ပြီး အလှပြင်ပစ္စည်းတွေမှာတောင် ထညိ့သွင်းအသုံးပြုကြပါတယ်

(၃)မန်ကျည်းစေ့မှုန့် လက်ဖက်စားဇွန်း၁၀က်ခနိ့ကို ရေဖြင့် တနေ့၂ကြိမ်သောက်ပါက အရိုးအဆစ်နာကျင်ခြင်းတွေသက်သာပါတယ်

(၄) သွားချေးနဲ့ဆေးလိပ်ချိူးကပ်နေသော သွားတွေအတွက် မန်ကျည်းစေ့မှုန့်နဲ့ သွားတိုက်ပေးခြင်းဖြင့် တောက်ပြောင်စေပါတယ်။

(၅)အစာမကြေသူများအနေနဲ့ မန်ကျည်းစေ့မှုနိ့ကိုစားပေးသင့်ပါတယ်။ဝမ်းမှန်စေတဲ့အပြင် ကိုလက်စထရောကိုပါ ကျစေပါတယ်။

(၆)မန်ကျေးစေ့မှာ ကိုယ်ခံအားကောင်းစေသောဓာတ်တွေပါဝင်တာမို့ အအေးမိ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

(၇)မန်ကျည်းဖျော်ရည် ပျစ်ပျစ်သောက်ခြင်းဖြင့် အူမကြီးကင်ဆာကိုပါ ကာကွယ်ပေးနိုင်တယ်နော်

(၈)မန်ကျည်းစေ့ဟာ အဆုတ်ယောင်ရောဂါနဲ့ အရေပြားအနာဖြစ်စေသောဘတ်တီးရီးယားများကို ကာကွယ်ပေးပါတယ်။

(၉)မနိကျည်းစေ့ဖျော်ရည်ဖြင့်ပလုတ်ကျင်းိခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ထို့ပြင် မန်ကျည်းစေ့မှုန့်၊ဂျင်း၊သစ်ကြမ်းပိုးခေါက်မှုန့်ကိူ ရောစပ်သောက်သုံးခြင်းဖြင့် အာသီးရောင်ခြင်း၊ချောင်းဆိုးခြင်း၊နဲ့အအေးပတ်ခြင်းကိုပျောက်ကင်းစေတယ်နော်။

(၁၀)ဆီးချိုသမားများအတွက် မန်ကျည်းစေ့မှုန့်ကို နေ့စဉ်စားပါက ဆီးချိုကျစေပါတယ်။

Writer dr Jue (XYZ News)

Ads