စစ်တမ်းများအရ ၅ရာနှုန်းမှ၆၀ရာနှုန်းသော ကမ္ဘာတဝန်းမှလူများသည် ခံတွင်းအနံ့ဆိုးခြင်းကိုခံစားနေရသည်။သင်ဟာနေ့စဉ်ပုံမှန်သွားတိုက်သူဖြစ်တာတောင်မှ တခါတလေခံတွင်းအနံ့ဆိုးဖြစ်ပေါတတ်ပါတယ်။

ဘာကြောင့် ခံတွင်းအနံ့ဆိုးဖြစ်ပေါ်လဲ

သွားကျန်းမာရေးကို ဂရုစိုက်သင့်တဲ့အပြင် နေ့စဉ် သွားသန့်ရှင်းရေးကိုအလေးထားသင့်ပါတယ်။သွားကိုတစ်နေ့၂ကြိမ်တိုက်ရမှာ ဖြစ်ပြီး သွားတင်မက လျှာကိုပါ သန့်စင်ပေးရပါမယ်။အောက်ပါအချက်များကိုလဲ ဆန်းစစ်ပါ။

-ဆာလဖာပါသောအစာများစားသုံးခြင်း
-သွားပိုးပေါက်များရှိခြင်း
-ဆေးလိပ် အရက်သောက်ခြင်း
-သွားဖုံးရောဂါရှိခြင်း
-စိတ်ဖိစီးမှုများခြင်း
-ခံတွင်းပိုးဝင်ခြင်း
အရေးပေါအခြေအနေတွေမှာ ခံတွင်းအနံ့ဆိုးဖြစ်ပေါနေပါက ပီကေဝါးခြင်းဖြင့် ယာယီသက်သာအောင်ပြုလုပ်ကြသလို အောက်ပါနည်းလမ်းတွေကိုသုံးပြီးတော့လဲ ဖြေရှင်းနိုင်ပါတယ်။

(၁)ရေသာက်ပါ

ကျွန်ုပ်တို့ခံတွင်းထဲက ဘတ်တီးရီးယားတွေဟာ အနံဆိုးရှိတဲ့ ဂတ်စ်တွေကိုထုတ်ပေးပြီး ကျွန်ုပ်တို့ရဲ့တံတွေးက ထိုအနံ့များဖြစ်ပေါခြင်းကို ကာကွယ်ပေးပါတယ်။ သင့်ခံတွင်းထဲမှာ ရေဓာတ်ပြည့်ဝလေ ခံတွင်အနံ့ဆိုးဖြစ်ပေါမှု နည်းလေဖြစ်ပါတယ်။ဒါကြောင့် ရေများများသောက်ပေးဖို့မမေ့နဲ့နော်

(၂)ပူစီနံ ပင်စိမ်းစသော ဆေးဖက်ဝင်အရွက်များကို ဝါးစားပါ

သင်ဟာပါတီပွဲတစ်ခုကိုရောက်နေတယ်ဆိုပါတော့။သင့်ခံတွင်းအနံ့ဆိုးကိုဖြေရှင်းဖို့ပူစီနံရွက်အနည်းငယ်ကိုဝါးပေးပါ။သင့်သွားတွေကိုစင်ကြယ်စေတဲ့အပြင် ခံတွင်းနံ့သင်းပျံ့စေပါတယ်။

(၃)ပန်းသီးစားပါ

သင်အိမ်ကမထွက်ခွာမီ ပန်းသီးတစ်လုံးကိုစားခြင်းဖြင့် ခံတွင်အနံ့ဆိုးဖြစ်ပေါခြင်းကို ကာကွယ်နိုင်ပါတယ်။ပန်းသီးမှာ ပိုလီဖီနော် ပါလို့ သင့်သွားတွေကိုသန့်စင်ပေးတဲ့အပြင် ခံတွင်းအနံ့ဆိုးတွေကို ထိမ်းညှိပေးမှာဖြစ်ပါတ.ယ်

(၄)သံပုရာသီးစားပါ

သံပုရာသီးဟာ ကျန်းမာရေးအတွက် အသုံးဝင်ရုံသာမက ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။သင်ဟာ ကြက်သွန်ဖြူစသော အနံ့ဆိုးစေတဲ့အစာတွေစားင်္ပြးပါက သံပုရာတစ်စိတ်လောက်စားပေးခြင်း သံပုရာရည်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅)ခံတွင်းသန့်ဆေးရည်ဆောင်ပါ

ဘူးသေးလေးများကို အလွယ်တကူသယ်သွားနိုင်ပါတယ်။ ယာယီဖြေရှင်းဖို့ အဆင်ပြေတယ်နော်။

Writer- Dr Jue (XYZ News)

Ads