(၁)ပဲငံပြာရည်

-၂၀၁၃ခုနှစ်က အမေရိကန်နိုင်ငံမှ လူငယ်တစ်ယောက်သည် ပဲငံပြာရည် တစ်ပုလင်း(၃၃အောင်စ)ကို အလောင်းအစားဖြင့် သောက်ပြခဲ့သည်။သောက်ပြီးသောအခါ အတက်ရောဂါရပြီး သတိပါလစ်သွားသည်။ဆရာဝန်စစ်ဆေးချက်အရ ရေဓာတ်အလွန်ဆုံးရှံူးပြီး ဆားဓာတ်လွန်ကဲတာကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ထိုသို့ ရေနဲ့ဆားဓာတ်မမျှတခြင်းကြောင့် လေဖြတ်သည်အထိ ဆိုးကျိူးဖြစ်စေနိုင်ပါတယ်။

(၂)လက်ဖက်ရည်

၂၀၁၄ခုနှစ်က ၅၆နှစ်အရွယ်အမျိူးသားတစ်ဦးဟာ လက်ဖက်ရည်အေးအလွန်အကျွံသောက်သုံးရာမှ ကျောက်ကပ်ပျက်စီးမှုဖြစ်ပေါ်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။တစ်နေ့ကို ၁၆ခွက်မျှ သောက်ခဲ့တယ်လို့သိရပြီး ထိုသို့အပြင်းအထန်ကျန်းမာရေး ပျက်စီးမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ကျောက်ကပ်တွေဟာ အောက်ဇလိတ် (oxalate)လို့ခေါ်သော လက်ဖက်ရည်ကြမ်းတွေမှာပါတဲ့ chemical တစ်မျိူးကြောင့် ဆိုးရွားများပျက်စီးနေပါတယ်။ထိုသို့ ကျောက်ကပ်ပျက်စီးခြင်းကနေ ကာကွယ်ဖို့ တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၆ခွက်ထက်ပိုမသောက်သင့်ပါဘူး။

(၃)သွားတိုက်ဆေး

၁၉၉၀ပြည့်လွန်နှစ်များဆီက သွားတိုက်ဆေးဗူးတွေအပေါ်မှာ “မျိူမချရ။ပဲစေ့အရွယ်ထက် ပိုမိုအသုံးမပြုရ” ဆိုပြီး ရေးသားခဲ့ကြပါတယ်။ ဘာလို့လဲဆိုရင် သွားတိုက်ဆေးတွင်ပါသော ဖလူရွိုက်ကို အများအပြားစားသုံးမိပါက အစာအိမ်ကိုထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။
ဖလူးရွိုက်ကို အများအပြားစားမိခြင်းကြောင့်
ကလေးငယ်များအနေနဲ့ အဆိပ်အတောက်ဖြစ်စေပြီး မူးဝေခြင်း၊ဗိုက်နာခြင်းနဲ့ သေဆုံးသည်အထိ အန္တရာယ်များစေတတ်ပါတယ်။

(၄)ဆိုဒါ

ဆိုဒါများတွင် အချိူပါဝင်မှုများပြားတာမို့ လိုအပ်တာထက် ပိုသောက်ခြင်းဖြင့် ဆိုးကျိူးများရရှိစေပါတယ်။ လူကိုသေစေနိုင်သော သကြားပမာဏမှာ ကိုယ်အလေးချိန် တစ်ပေါင်အတွက် ၀.၅အောင်စဖြစ်ပါတယ်။ဒါကြောင့်
ပျမ်းမျှကိုယ်အလေးချိန်ရှိသူအမျိူးသားတစ်ဦးအနေနဲ့ ဆိုဒါ ၇၈၄အောင်စအထိ သောက်မိပါက အဆိပ်သင့်သေဆုံးနိုင်ပါတယ်။

(၅)တူနာ

တူနာငါးကို အလွန်အကျွံစားမိပါက အသက်အနရာယ်ထိခိုက်နိုင်ကြောင်း သိကြပြီးဖြစ်ပါတယ်။ဒါပေမယ့် ဘယ်လောက်ပမာဏက အများအပြားလဲဆိုတာမသိကြပါဘူး။တူနာငါးအချိူ့မှာ ပြဒါးဓာတ်များစွာပါဝင်ပါတယ်။ ပေါင်၁၅၀ရှိသူူတစ်ယောက်ဟာ
တူနာငါးကို ၉ရက်အတွင်း ၀.၃ပေါင်ထက်ပိုမစားသင့်ပါဘူး။

(၇)ကြွက်သားလိမ်းဆေး

ကြွ့က်သားနာကျင်မှုသက်သာစေသောလိမ်းဆေးများကို မကြာခဏအသုံးပြုခြင်း မပြုသင့်ပါဘူး။ထိုလိမ်းဆေးများတွင် မီသိုင်း ဆယ်လီစလိတ်ပါတာမို့ အရေပြားမွေးညင်းပေါက်တွေကနေတဆင့် ကိုယ်ထဲသို့
ထိုးဖောက်ဝင်ရောက်ပြီး ဆိုးကျိူးများဖြစ်ပေါ်စေပါတယ်။

Writer_Dr Jue ( XYZ News )

Ads