ဂျပန် Dentsu ကုမ္ပဏီက ထုတ်ကုန်ဖြစ်တဲ့ ဖခင်တွေအတွက် သူနာပြုလက်ထောက်ခေါ်တဲ့ ကိရိယာသစ်ကို ကြည့်ကြည့်လိုက်ပါတယ်။ဒီကိရိယာကြောင့် ယောက်ကျားသား ဖခင်တွေဟာ သူတို့ရဲ့ ရင်သွေးငယ်တွေကို ရင်ခွင်ပိုက် နို့ချိုတိုက်ကျွေးလာနိုင်ပါပြီ။ တက္ကဆက်၊ သြစတင်းက SXSW ပွဲတော်မှာ Father’s Nursing Assistant ကိရိယာကို ထုတ်ဖော်ပြသလိုက်တာပါ။ တကယ်ကို တီထွင်ဆန်းသစ်မှု ဆန်းပြားတဲ့ ကိရိယာ ဖြစ်ပါတယ်။ဒီကိရိယာက ဖခင်ဖြစ်သူတွေ သားသမီးတွေကို ရင်ခွင်ပိုက်ရင်း ကိုယ်တိုင်နို့တိုက်နိုင်အောင် ကူညီပေးတဲ့ ကိရိယာပါပဲ။

သုသေတီတွေ အဆိုအရ ကလေးတွေကို နို့ချိုတိုက်ရတာ၊ ချော့သိပ်ရတာတွေအတွက် မိဘတော်တော်များများဟာ ကသီလင်တ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါကို တုံ့ပြန်ပြီး အကူအညီ အထောက်အမဖြစ်အောင် တီထွင်ကြံဆရင်း Father’s Nursing Assistant ကိရိယာကို တီထွင် ထုတ်လုပ်လိုက်တာပါပဲ။မိခင်တွေရဲ့ ကထိကထများတာကို ဖခင်ဖြစ်သူ ခင်ပွန်းသည်တွေက ခွဲဝေတာဝန်ယူစေနိုင်မယ့် ကိရိယာပါ။ဒီကိရိယာဟာ စလွယ်ကြိုးပါတဲ့ ရင်နှစ်မြွှာပုံစံ ဖြစ်ပြီး နို့သီးခေါင်းပါပါတယ်။ နို့ရည်ကို ထည့်သွင်းပြီး စလွယ်သိုင်းလို့ ဖခင်တွေက ကလေးငယ်တွေကို ရင်ခွင်ပိုက်ရင်း ကိုယ်တိုင်နို့တိုက်နိုင်တဲ့ ကိရိယာပဲ ဖြစ်ပါတယ်။



Writer_မောင်သံဆင့် (XYZ News)

Ads