ရှင်းရှင်းပြောရအောင်…ကိုယ့်ရဲ့အလန်းစားသူငယ်ချင်းအရင်းခေါက်ခေါက်က ကိုယ့်ကောင်လေးနဲ့အတူအိပ်နေမယ်ဆိုရင်ဘယ်လိုနေမလဲ ။ ဒေါသထွက်မှာမဟုတ်လား ။
အမျိုးသမီးတိုင်းက ဒီလိုမျိုးအခြေအနေမှာ ထိန်းမရအောင် ဒေါသဖြစ်မယ်ဆိုတာကို ကျွန်တော်တို့နားလည်နိုင်ပါတယ် ။ ဒါပေမယ့် Lena ဆိုတဲ့ကောင်မလေးကတော့ သူများနဲ့မတူတဲ့ အမြင်တစ်မျိုးရှိပါတယ်။ သူ့သူငယ်ချင်းကောင်မလေးက ဆန္ဒရှိလို့အတူနေချင်တယ်ဆိုရင် သူကောင်လေး Ardam ကို သုံးလို့ရပါတယ် လို့ Lena ဆိုတဲ့ ကောင်မလေးကပြောပါတယ် ။

ဒါပေမယ့် အခု သူတို့တင်လိုက်တဲ့ “I Let My Best Friend Have Sex With My Boyfriend” ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီဒီယိုဟာ လူသန်းချီပြီးတော့ ကြည့်ရှုခဲ့ကြတဲ့ဗီဒီယိုတစ်ခုဖြစ်သွားခဲ့ပါတယ် ။ Lena နဲ့ သူ့ သူငယ်ချင်း Emily ဟာ အောက်ခံတွေပဲဝတ်ထားပြီး အိပ်ယာပေါ်မှာထိုင်ရင်း သူတို့ ၃ ယောက်အတူနေမှာဖြစ်ကြောင်း ဗီဒီယိုတင်ဆက်ခဲ့တာဖြစ်တယ် ။

“ကျွန်မ Emily ကိုယုံတယ်…ပြီးတော့ ဒါကပျော်ဖို့လည်းကောင်းမှာပါ ။
မိန်းကလေးသူငယ်ချင်းတွေဆိုတာက အချင်းချင်း လိင်ပိုင်းဆိုင်ရာအတွေ့အကြုံတွေပါပြောလေ့ရှိတာပဲမလား ။

Emily ဟာ Adam ရဲ့ပစ္စည်းကိုတွေ့ဖူးတဲ့အပြင် ကျွန်မတို့လိင်မှုဘဝအခြေအနေကို သူ့ကိုအကုန်ပြောပြထားတဲ့အတွက်သူသိပြီသားဖြစ်တယ် ။ဒီတော့ သူကိုယ်တိုင်ခံစားချင်တာကိုလည်း ကျွန်မ ဘာမှပြောစရာမလိုဘူးလေ ။ ကျွန်မနဲ့ Adam နဲ့ဟာ တခြားကောင်မလေးတွေကိုပါ ခေါ်ပြီးတော့ ပျော်ပါးလေ့ရှိခဲ့တာ လပိုင်းလောက်ရှိခဲ့ပါပြီ ။ အချစ်ဆုံးသူငယ်ချင်းနဲ့ အတူတူ အိပ်ကြမယ်ဆိုတာတော့ နည်းနည်းတော့ ထူးဆန်းတာပေါ့” လို့ Lena ကပြောခဲ့ပါတယ် ။

အင်တာနက်ပေါ်ကလူတွေကတော့ ဒီဗီဒီယို အပျက်သဘော ကွန့်မန့်တွေဘဲ ပေးခဲ့ပါတယ် ။ တစ်ယောက်ကဆိုရင် – “ဝမ်းနည်းစရာပဲ..တကယ်လို့သင့်မှာသမီးတစ်ယောက်ရှိမယ်ဆိုရင် သင့်သမီးကို ဒီ….ဒီတိရိစ္ဆာန်တွေလိုမဖြစ်အောင် သေချာထိန်းကျောင်းပါ” လို့ရေးထားပါတယ် ။ေ နာက်တစ်ယောက်လည်း – “မင်းတို့နှစ်ယောက်ဟာ သိပ်လှပလွန်းပေမယ့် အရက် ၊ ဆေးဝါး နဲ့ လိင်ကိစ္စတွေကိုပဲ ခေါင်းထဲမှာထည့်ထားတဲ့အတွက်တော့ တကယ်စိတ်မကောင်းမိဘူး” လို့ ကွန့်မန့်မှာရေးထားတာကိုတွေ့ရပါတယ် ။

Writer_ Min Thu ( XYZ News)

Ads