ကိုယ့်ချစ်သူနဲ့ လက်ချင်းတွဲတယ်ဆိုတာ ချစ်သူတွေကြား မဆန်းသောကိစ္စရပ်တစ်ခုပါပဲ။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ လက်တွဲပုံကိုကြည့်ပြီးအချစ်ရေးကို အကဲဖြတ်ကြည့်ကြပါစို့။

လက်ချောင်းတစ်ခုချင်းစီတွယ်ဆက်ထားသော လက်တွဲပုံ(လေးစားမှု)

-ဒီလို လက်တွဲပုံမျိူးဟာ သင်တို့အချစ်ရေးက တည်ငြိမ်မှုရှိပြီး သင့်အနေနဲ့ သင့်လက်တွဲဖော်ကို အပြည့်အဝယုံကြည်ကြောင်း ဖော်ပြနေပါတယ်။သင်တို့အချစ်ရေးအကြောင်း လူသိရှင်ကြားကြေညာပြီးဖြစ်ပေမယ့် သင်တို့ကြားမှာ privacyတစ်ခုထားရှိပြီး တစ်ယောက်ကိုယ်ရေးကိုယ်တာကို တစ်ယောက်လေးစားမှုရှိကြပါတယ်။

လက်ဖဝါးချင်းကပ်ထားသော လက်တွဲပုံ(တာဝန်ကျေမှု)

-စုံတွဲတော်တော်များများမှာ တွေ့ရသော လက်တွဲပုံမျိူးဖြစ်ပါတယ်။ လက်၂ဖက်တွင် အပေါ်က အုပ်မိုးကိုင်ထားသောသူက ထိုအချစ်ရေးတွင် ပိုပြီး အာဏာရှိသောသူ ဖြစ်ပါတယ်။ ချစ်သူကောင်လေးက ကောင်မလေးကို ကာကွယ်ချင်သော အနေအထားမျိူးမှာ ထိုသို့ဆုပ်ကိုင်လေ့ရှိပါတယ်။

လက်ချောင်းချင်းတင်းကျပ်စွာဆုပ်ကိုင်သော လက်တွဲပုံ (ဂရုစိုက်မှု)

-သင်တို့စုံတွဲဟာ အပေါ်ယံတွေကိုမကြည့်ပဲ တစ်ယောက်နဲ့တစ်ယောက်နက်နဲစွာ ချစ်သော အချစ်ရေးကိုဖော်ပြနေပါတယ်။ တစ်ယောက်ရဲ့ အပြစ်အနာအဆာ အားနည်းချက်တွေကို တစ်ယောက်ကို ဖုံးကွယ်မထားပဲနဲ့ ပွင့်လင်းစွာချစ်သော ဆက်ဆံရေးမျိူးပါ။သင်တို့အချစ်ရေးဟာ ယုံကြည်မှု ဂရုစိုက်မှုတို့နဲ့ တည်ဆောက်ထားတာပါ။

လက်သန်းချင်းချိတ်သော လက်တွဲပုံ(အီစီကလီ)

သင်တို့ဆက်ဆံရေးဟာ အီစီကလီအဆင့်မှာပဲရှိပါသေးတယ်။တစ်ယောက်နဲ့တစ်ယောက်လေ့လာဆဲဖြစ်ပြီး သေချာခိုင်မာတဲ့ ကတိကဝတ်မျိူးမရှိသေးပါဘူး။ အချစ်ရေးအစပိုင်းကာလမှာသာရှိဆဲဖြစ်ပါတယ်။

လက်ကောက်ဝတ်ချင်းဆုတ်ကိုင်ထားသော လက်တွဲပုံ

-သင်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လိုအပ်ကြပေမယ့် အပေါယံ အလှအပ အဆောင်အယောင်တွေကိုသာ ပိုချစ်တယ်လို့ ထင်မြင်ပါတယ်။တစ်ယောက်ယောက်က ပိုပြီး စိတ်မာတယ် အတြ္တကီးတယ်လို့လဲ ယူဆပါတယ်။

ခါးဖက်ခြင်း

-သင်တို့ဟာတစ်ယောက်နဲ့တစ်ယောက် close ဖြစ်ကြပါတယ်။နှစ်ယောက်ထဲကတစ်ယောက်ဟာ အစွဲအလန်းကြီးသူ ဖြစ်ပါတယ်။

ကောင်လေးလက်မောင်းကို လက်ချောင်းလေးများဖြင့် ချိတ်ထားခြင်း

-မိန်းကလေးအနေနဲ့ မှီခို အားကိုးလိုစိတ်ကို ပြသပါတယ်။တည်ငြိမ်တဲ့ ဆက်ဆံရေးကိုပြသပါတယ်။တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတယ်လို့တော့ မဆိုလိုပါဘူး။

Writer Dr Jue (XYZ News)

Ads