လက်ထပ်ခွင့်တောင်းခြင်း (proposal)ဟာ စုံတွဲတွေတသက်တာမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့အမှတ်တရအဖြစ်ဆုံး ကိစ္စရပ်ဖြစ်ပါတယ်။ပုရိသကိုကိုတို့ကလဲ ဒီအတွက်ကို စိတ်ကူးကောင်းကောင်းလေးတွေအသုံးချပြီး ရိုမန့်တစ်ဖြစ်အောင်ကြိုးစားကြပါတယ်။ကမ႓ာတဝှမ်းက ယောကျ်ားတွေ ဘယ်လို နည်းလမ်းအသစ်လေးတွေသုံးပြီး Proposeလုပ်ကြလဲဆိုတာ ဖော်ပြပေးပါမယ်။

-တက်တူးဖြင့်လက်ထပ်ခွင့်တောင်းခြင်း

Vinnie Capaldo-Smithဆိုတဲ့ အဖြူအမျိူးသားဟာ သူ့ချစ်သူ Broclee ကို သူ့ခြေထောက်မှာတက်တူးထိုးပေးဖို့တောငိးဆိုပါတယ်။ချစ်သူ ကောင်မလေးက တက်တူးထိုးဖို့ ကြည့်လိုက်တဲ့အခါ “ငါ့ကို လက်ထပ်မလား?”ဆိုတဲ့ မေးခွန်းတက်တူးလေးနဲ့အတူ Yes or No အဖြေပေးဖို့အကွက်၂ကွက်ထိုးထားတာတွေ့ရပါတယ်။၀မ်းသာစွာနဲ့ပဲ ချစ်သူကောင်မလေးဟာ Yes အကွက်လေးကို တက်တူးနဲ့ အမှန်ခြစ်လေးထိုးပေးခဲ့တာပါ။

-ဝေလငါးဖြင့်လက်ထပ်ခွင့်တောင်းခြင်း

Chicago မြို့က အမျိူးသားတစ်ဦးဟာ သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ ရေကန်တစ်ခုကိုခေါ်သွားပြီး ဝေလငါးတစ်ကောင်ရဲ့အကူအညီကိုယူခဲ့ပါတယ်။ ဝေလငါးကြီးက “Will You Marry Me?”စာတန်းထည့်ထားတဲ့ ဗူးကို ယူလာပြီး ကောင်မလေးကို surpriseလုပ်ခဲ့တာပါ။ကောင်မလေးရဲ့Yesအဖြေကိုရတာနဲ့ လက်စွပ်လေးစွပ်ပေးခဲ့ပါတယ်။

-ရေခဲမုန့်ဖြင့်လက်ထပ်ခွင့်တောင်းခြင်း

Lukeဟာ ချစ်သူကောင်မလေး Elsaကို surpriseလုပ်ဖို့ အတွက် ရေခဲ့မုန့်ကို အထူးအော်ဒါမှာခဲ့ပါတယ်။ရေခဲမုန့်မှာ သူတို့အပြန်အလှန်ပို့နေကျ emojiလေးတွေအပြင် “ငါ့ကို လက်ထပ်မလား?”ဆိုတဲ့စာတန်းလေးရေးထားပါတယ်။ စူပါမားကတ်မှာဈေးဝယ်ရင်း ထိုရေခဲမုန့်ကိုအမှတ်မထင်မြင်သွားတဲ့Elsaဟာ အလွန်ပျော်ရွှင်ခဲ့ပါတယ်။

-ဟယ်ရီပေါ်တာဖြင့် လက်ထပ်ခွင့်တောင်းနည်း

ဟယ်ရီပေါ်တာခရေဇီဖြစ်တဲ့ ချစ်သူအတွက် ဟယ်ရီပေါ်တာThemeနဲ့ မျက်နှာဖူံးစွပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

-တယ်လီစကုပ်ဖြင့်လက်ထပ်ခွင့်တောင်းနည်း

တယ်လီစကုတ်မှနိပြောင်းမှာ “ငါ့ကို လက်ထပ်မလား?”ဆိုတဲ့ မေးခွန်းရေးထားပြီး မိန်းကလေးကို ကြည့်စေခဲ့ပါတယ်။အရမ်းအံ့အားသင့်သွားမှာပဲနော်။

-GPSဖြင့်လက်ထပ်ခွင့်တောင်းနည်း

အပြေးသမား Ben Chudleyဟာ အလွံန်ခက်ခဲတဲ့လမ်းကြောင်းကနေ မီတာများစွာပြေးခဲ့ပြီး ပြေးလမ်း တလျှောကိကနေ “Will You Marry Me?”စာတမ်းကို ပေါ်စေခဲ့ပါတယ်။ထို့နောကိGPS screenကို စကရင်ရှော့တ်ရိုက်ပြီး ချစ်သူကို ပြသခဲ့ပါတယ်။

Writer_Dr Jue ( XYZ News )

Ads