တစ်နှစ်တာဆိုတဲ့အချိန်ကာလဟာ ဂြိုလ်တစ်လုံးက နေကိုတစ်ပတ်ပတ်သွားတဲ့ကြာမြင့်ချိန်ပေါ်မူတည်ပြီးဆုံးဖြတ်တာဖြစ်တယ် ။
ဒီတော့ ဂြိုလ်တိုင်းက မတူညီတဲ့ အမြန်နှုန်းနဲ့ အတူညီတဲ့ ပတ်လမ်းအရွယ်အမျိုးမျိုးရှိကြတဲ့အတွက် ဂြိုလ်တစ်ခုပေါ်က တစ်နှစ်နဲ့ တခြားဂြိုလ်တစ်ခုပေါ်က တစ်နှစ်ဟာမတူညီနိုင်ပါဘူး ။
တကယ်လို့သင်ဟာတခြားဂြိုလ်တစ်ခုမှာနေထိုင်မယ်ဆိုင် ပတ်လမ်းဆိုင်ရာကွာခြားမှုကြောင့် သင့်သက်တမ်းဟာ အခုနဲ့မတူပဲကွာခြားနေပါလိမ့်မယ် ။
အောက်မှဖော်ပြထားတဲ့ နှစ်တာအတိုဆုံးဂြိုလ်ကနေပြီး အရှည်ဆုံးဂြိုလ်အထိကို လေ့လာကြည့်လိုက်ရအောင်…. ။

၁. မာကျူရီဂြိုလ်..

မာဂျူရီဂြိုလ်ဟာ နေကိုတစ်ပတ်ပတ်မိဖို့အတွက် ၈၇.၉၇ ရက်ကြာပါတယ် ။
ဒီတော့ သင်ဟာကမ္ဘာပေါ်မှာ ၁၅ နှစ်ဆိုပေမယ့် မာကျူရီဂြိုလ်မှာနေထိုင်ခဲ့ရင်တော့ ၆၂ နှစ်နဲ့တွက်ယူရမှာဖြစ်ပါတယ် ။

၂. ဗီးနပ်စ်

ဒီဂြိုလ်ဟာ နေကိုတစ်ပတ်ပတ်မိနိုင်ဖို့ ၂၂၄.၇ ရက်ကြာမြင့်ပါတယ် ။
ကမ္ဘာပေါ်မှာ အသက် ၁၅ နှစ်ဆိုပေမယ့် ဗီးနပ်စ်ပေါ်မှာနေထိုင်ခဲ့ရင် ၂၄ နှစ်ဖြစ်မှာဖြစ်ပါတယ် ။

၃. ကမ္ဘာ..

ကမ္ဘာကတော့ နေကိုတစ်ပတ်ပတ်နိုင်ဖို့အတွက် ၃၆၅.၂၆ ရက်ကြာမြင့်ပါတယ် ။

၄. မားစ်..

မားဂြိုလ်ဟာ နေကိုတစ်ပတ်ပတ်နိုင်ဖို့ ၆၈၆.၉၈ ရက်ကြာမြင့်မှာဖြစ်ပြီး
ကမ္ဘာပေါ်မှာ သင့်အသက် ၁၅ ဆိုပေမယ့် မားဂြိုလ်ပေါ်မှာတော့ ၈ နှစ်ဝန်းကျင်ပဲရှိပါလိမ့်မယ် ။

၅. ဂျူပီတာ

ဒီဂျူပီတာဂြိုလ်ဟာနေကိုတစ်ပတ်ပတ်နိုင်ဖို့ ၄၃၃၂.၈၂ ရက်ကြာမြင့်မှာပါ ။
ဒီတော့ သင့်ကမ္ဘာ သက် ၁၅ နှစ်ဆိုပေမယ့် ဂျူပီတာပေါ်မှာဆိုရင်တော့ ၁ နှစ်လောက်ပဲရှိပါဦးမယ် ။

၆. စေတန်..

စေတန်ဂြိုလ်ကတော့ နေကို ၁၀၇၅၅.၅ ရက်အကြာမှာ တစ်ပတ်ပြည့်အောင်ပတ်နိုင်ပါတယ် ။
ဒီတော့ သင့်ကမ္ဘာသက် ၁၅ နှစ်ဟာ စေတန်ဂြိုလ်အတွက်တော့ ၆ လတောင်ရှိမှာမဟုတ်သေးပါဘူး ။

၇. ယူရေးနပ်စ်

ယူရေးနပ်စ်ဂြိုလ်ကတော့ ၃၀၆၈၇.၁၅ ရက်မှာ နေကိုတစ်ပတ်ပြည့်အောင်ပတ်နိုင်ပါတယ် ။
ကမ္ဘာသက် ၁၅ နှစ်ဟာ ယူရေးနပ်စ်ဂြိုလ်အတွက်တော့ ၀.၁၇ နှစ်ပဲရှိပါတယ် ။

၈. နပ်ကျွန်းဂြိုလ်

နပ်ကျွန်းကတော့ ၆၀၁၉၀.၀၃ ရက်အကြာမှာနေကိုတစ်ပတ်ပတ်မိပါတယ် ။
ကမ္ဘာပေါ်က ၁၅ နှစ်ဟာ နပ်ကျွန်းဂြိုလ်ပေါ်မှာဆိုရင် ၀.၀၉ နှစ်သာရှိပါတယ် ။

၉. ပလူတို

ဒီဂြိုလ်သေးလေးကတော့ ၉၀၅၅၃ ရက်အကြာမှာ နေကိုတစ်ပတ်ပြည့်အောင်ပတ်ပါတယ် ။
ကမ္ဘာပေါ်က ၁၅ နှစ်ဟာ ပလူတိုဂြိုလ်အတွက်တော့ ၀.၀၆ နှစ်သာရှိပါတယ် ။

Writer – Min Thu ( XYZ News )

Ads