ကျွန်တော်တို့ လူသားတွေအတွက် လကမ္ဘာဟာလည်း အရေးပါတဲ့နေရာမှာရှိနေပါတယ် ၊ တကယ်လို့လ သာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ရင်ဘယ်လိုဖြစ်လာမလဲ ၊ ဒီလိုသာ တကယ်ပျောက်ကွယ်သွားရင်တော့ သမိုင်းမှာ အဆိုးရွားဆုံးကိစ္စရပ်တွေဖြစ်လာမှာတော့ အမှန်ပါပဲ။လကမ္ဘာ ရဲ့လိုအပ်တဲ့ အချက်တစ်ချက်ကတော့ သူ့ရဲ့ဆွဲငင်အားပါ ဒီဆွဲအားကပင်လယ်သမုဒ္ဒရာတွေရဲ့ ရေပြင်တွေကိုတက်လိုက်ကျလိုက် ဖြစ်စေပြီး ဒီရေလှိုင်းတွေကိုဖန်တီးပေးထားတာပါ ၊ တစ်နေ့ နှစ်ကြိမ် ဒီရေအတက်အကျ ဖြစ်ပွားပြီး ဒါဟာကမ္ဘာ ကြီးအတွက် အရေးပါလျက်ရှိပါတယ်။

လ သာပျောက်ကွယ်သွားခဲ့ရင် ဒီရေလှိုင်းတွေကို ကမ္ဘာ့နေရာတော်တော်များများမှာမရရှိနိုင်တော့ဘဲ စိုက်ပျိုးရေးပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး ၊ ဒါဆိုရင်တော့ စားနပ်ရိက္ခာရှားပါးလာမှာပဲဖြစ်ပါတယ် ၊ ရာသီဥတုကလည်းပုံမှန်မဟုတ်တော့ပဲနဲ့ အသက်ရှင်သန်ဖို့ ခက်ခဲလာတော့မှာဖြစ်ပါတယ် ၊ လ မရှိတော့ရင် ကမ္ဘာရဲ့ လည်ပတ်နှုန်းက ပိုမြန်လာမှာပါ ၊ ဒါ့ကြောင့်နေ့ရက်တွေမြန်လာမှာဖြစ်ပြီး အပူချိန်အတက်အကျ လျင်မြန်လာမှာဖြစ်ပါတယ် ၊ နေကလည်း ကမ္ဘာကြီး လိုအပ်တဲ့အပူချိန်ကို ပေးစွမ်းဖို့ အချိန်မလုံလောက်တော့ပါဘူး။

လ မရှိတော့ရင် ဒီရေလှိုင်းတွေပေါ်မှီခိုနေရတဲ့ ဇီဝစနစ်တွေပျက်သုဉ်းမှာလည်းဖြစ်ပါတယ် ၊ ဒါ့ကြောင့်လည်း ကမ္ဘာ့ပေါ်ကလူသားတွေအတွက် အသက်ရှင်နေထိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၄ ဘီလီယံက ဂြိုဟ်သိမ်တစ်ခု ကမ္ဘာနဲ့ ပွတ်တိုက်မှုကြောင့်လ ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲ့အချိန်ကသာ လ မဖြစ်ပေါ်လာခဲ့ရင် ရေနေသတ္တဝါတွေစတင်ဖွံ့ဖြိုးဖို့အတွက် အခက်တွေ့စေမှာဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်မှ ရေပေါင်း ၇၂,၀၀၀ကုဗမိုင်လောက် အောက်နိမ့်ကျသွားမှာဖြစ်ပြီး အစာရေစာ ရှားပါးလာမှုကြောင့်စစ်ပွဲတွေဖြစ်ပွားလာနိုင်ပါတယ်။ဒါ့အပြင် ကမ္ဘာကြီးအနေနဲ့လည်းယခု၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းနေရင်းကနေ ၄၅ဒီဂရီ အထိတိမ်းစောင်းသွားမှာဖြစ်ပါတယ်။

ရာသီဥတုအသစ်တွေဆက်တိုက်ဖြစ်လာပြီးကြိုတင်ခန့်မှန်းလို့ရမှာမဟုတ်ပါဘူး။ပင်လယ်နေသတ္တဝါတွေကို များစွာထိခိုက်စေနိုင်ပြီး အစာကွင်းဆက်တစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်။ဒါ့အပြင် ကမ္ဘာအနေနဲ့သူ့ သက်တော်စာင့်ကို ဆုံးရှုံးလိုက်ရသလိုဖြစ်သွားမှာပါ ၊ ဒါ့ကြောင့် လ သာ ပျောက်ကွယ်သွားခဲ့ရင် ကျွန်တော်တို့လည်းလုံးဝအသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။

Writer – Min Thu (XYZ News)

Ads