အမျိုးသမီးတို့…..ကြွက်သားဖုထစ်နေတဲ့သူတွေကိုသဘောကျလား။

အချစ်ဟာ မျက်စိမပါဘူးလို့ပြောကြတယ်။ဒါပေမယ့်လည်း ကိုယ်သဘောကျတဲ့သူကိုပဲရွေးချယ်ပြီး ဒိတ်လုပ်ကြတယ်ဆိုတာကတော့ ငြင်းမရတဲ့အချက်ပဲ။
တချို့အမျိုးသမီးတွေဟာ ကြွက်သားဖုထစ်နေတဲ့ သူမျိုးကိုမှ စိတ်ဝင်စားလေ့ရှိတယ်။တကယ်လို့ ကြွက်သားဖုထစ်နေတဲ့အမျိုးသားတွေက အဆိုးရွားဆုံးချစ်သူတွေ ဖြစ်လာမယ်ဆိုရင်ရော…..

အင်္ဂလန်နိုင်ငံ ဝက်ဘ်မင်နစ်စတာ တက္ကသိုလ်မှ လေ့လာချက်အရ ကြွက်သားဖုထစ်နေတဲ့အမျိုးသားတွေဟာ လိင်ခွဲ ခြားမှုရှိတဲ့အပြင် အမျိုးသမီးတွေကို အရာဝတ္တုသဘော ယူဆကြောင်းတွေ့ရတယ်။
အမျိုးသမီးတို့….သတိမပေးခဲ့ဘူးလို့မပြောနဲ့ဦး။

လေ့လာသူတွေဟာ အမျိုးသား ၃၂၇ ယောက်ကို မေးခွန်းတွေမေးမြန်းပြီး ကောက်ချက်ချခဲ့တာပါ။

“သင်ကာယဗလမောင်တစ်ယောက်လိုဖြစ်ချင်ပါသလား” ၊”အမျိုးသမီးတွေအပေါ်ဘယလိုသဘောထားပါသလဲ” အစရှိတဲ့မေးခွန်းတွေကိုမေးမြန်းခဲ့တာဖြစ်ပြီး
ခန္ဓာကိုယ်ဖုထစ်ချင်တဲ့သူတွေဟာ အမျိုးသမီးတွေအပေါ်မကောင်းမြင်တာပိုများကြောင်းတွေ့ရတယ်။

သူတို့ဖြေကြားတဲ့အထဲက အချက်အနည်းငယ်ကို ဖော်ပြရရင်တော့
“မိန်းမတွေက အမြဲတမ်းလိုလို ယောကျ်ားတွေကို စဖို့ ဒါမှမဟုတ် ထိခိုက်နာကျင်စေဖို့အတွက် ဝင်ရောကြတယ်လို့ ကျွန်တော်ခံစားရတယ် ” တဲ့။
နောက်တစ်ယောက်ကလည်း
“အမူးလွန်နေတဲ့မိန်းမတွေက အမူးလွန်နေတဲ့ယောကျ်ားတွေထက်ပိုများတယ်” လို့ဖြေထားပါတယ်။

ဒီတော့ ကြွက်သားဖုထစ်ဖို့စိတ်ဝင်စားတဲ့အမျိုးသားတွေဟာ လိင်ခွဲခြားမှုရှိနေပြီး အမျိုးသမီးတွေဆိုတာ မီးဖိုချောင်နဲ့သာ သက်ဆိုင်တဲ့သူတွေလို့ သဘောထားကြတဲ့ အမျိုးသားကြီးဝါဒကို ကိုင်ဆွဲထားသူတွေ ဖြစ်ကြပါတယ်။

လေ့လာသူ Viren Swarmi က LiveScience ကိုပြောကြားခဲ့တာကတော့

“ကျွန်တော်တို့လေ့လာချက်အရတော့ ခန္ဓာကိုယ် ဖုထစ်ချင်တဲ့အမျိုးသားတွေဟာ ပိန်ပါးတဲ့အမျိုးသမီးတွေကိုစိတ်ဝင်စားကြောင်းတွေ့ရတယ်။
အမျိုးသမီးတွေဘက်မှာလည်း အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ၊ အထူးသဖြင့်ကြွက်သားတွေအပေါ်မှာစိတ်ဝင်စားမှုရှိလားဆိုတာတော့ ကျွန်တော်တို့ ငြင်းခုန်နေကြတုန်းပဲ”

“ပြီးတော့ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချင်ပြီး လိင်ခွဲခြားမှု ရှိနေတဲ့သူတွေဟာလည်း ခန္ဓာကိုယ် ဖုထစ်စေဖို့ စိတ်ဝင်စားတယ်လို့ ကျွန်တော်တို့ယူဆတယ်”

မီဒီယာတွေမှာ ပါဝင်နေလေ့ရှိတဲ့ ကြွက်သားတွေ ဖုထစ်ပြီးကြည့်ကောင်းတဲ့ သူတွေဟာ အမျိုးသားတွေရဲ့စိတ်နေစိတ်ထားအပေါ်လွှမ်းမိုးမှုရှိကြောင်းလည်းတွေ့ရတယ်။

“ဒီမီဒီယာတွေပေါ်မှာပြသနေတဲ့ ကြွက်သားစိုင်တွေနဲ့သူတွေဟာ အမျိုးသားတွေကို သူတို့လို ဖြစ်လာစေဖို့ တွန်းအားပေးနေသလို ဖြစ်နေတာတွေ့ရတယ်။ဒါပေမယ့်ကျွန်တေယ်တို့လေ့လာနေတာကတော့ အမျိုးသားကြီးဝါဒနဲ့ လိင်ခွဲခြားမှုတွေကပါ မီဒီယာတွေကတစ်ဆင့်လွှမ်းမိုးမှုရှိနေသလားဆိုတာပါပဲ”

သင်ရောဒီကိစ္စကိုဘယ်လိုထင်မြင်ပါသလဲ။
သင့်အမြင်ကို ကောမက်မှာရေးသားခဲ့ပါဦး။

Credit : Min Thu(XYZ News)

Ads