ဒီဂြိုလ်ကိုတော့ နာဆာရဲ့ Kepler အာကာသကြည့်မှန်ပြောင်းမှ တစ်ဆင့်တွေ့ခဲ့ရတာဖြစ်ပြီး အာကာသသိပ္ပံပညာရှင်တွေကတော့ Super Earth လို့နာမည်ပေးထားပြီဖြစ်ပါတယ်။

K2-288Bb လို့နာမည်ပေးထားတဲ့ ဒီဂြိုလ်ဟာဆိုရင် ကမ္ဘာထက် ၂ ဆနီးပါးရှိပြီး သူ့ရဲ့ကြယ်နဲ့မနီးမဝေးအနေအထားမှာရှိနေတဲ့အတွက် ဒီဂြိုလ်ပေါ်မှာ သက်ရှိတွေရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။

အလင်းနှစ် ၂၂၆ နှစ်အကွာမှာရှိတဲ့ Taurus ကြယ်စုထဲမှာတည်ရှိနေတဲ့ဂြိုလ်တစ်လုံးဖြစ်ပြီး နက်ပ်ကျွန်းဂြိုလ်လိုမျိုး ဓါတ်ငွေ့အများအပြားရှိတဲ့ ဂြိုလ်တစ်လုံးဖြစ်နိုင်တယ်လို့လည်း နာဆာမှပြောကြားထားပါတယ် ။

K2-288Bb ဂြိုလ်ဟာ K2-288 အဖွဲ့အစည်းထဲမှာရှိတဲ့ ဂြိုလ်တစ်လုံးဖြစ်ပြီး ကြယ်နဲ့ ဂြိုလ်အကွာအဝေးကတော့ ၅.၁ ဘီလျံမိုင်လောက်ရှိပါတယ် ။

၅.၁ ဘီလျံမိုင်ဆိုတဲ့အတိုင်းအတာကတော့ စေတန်ဂြိုလ် နဲ့ နေနဲ့ကြားက အကွာအဝေးရဲ့ ခြောက်ဆလောက်ရှိတဲ့အကွာအဝေးပဲဖြစ်ပါတယ် ။

K2-288 အဖွဲ့အစည်းထဲက ကြယ်ကတော့ နေရဲ့အရွယ်အစားတစ်ဝက်လောက်သာရှိပြီး အလေးချိန်အားဖြင့်တော့ နေရဲ့အလေးချိန်ရဲ့ ၃ပုံ၁ ပုံမျှသာ ရှိပါတယ် ။

ကမ္ဘာနဲ့ အလွန်ဆင်တူပြီး သက်ရှိတွေရှိနိုင်ချေရှိတဲ့ ဂြိုလ်တစ်လုံးဖြစ်ပေမယ့်လည်း လက်ရှိနည်းပညာနဲ့ ဒီဂြိုလ်ကိုသွားရောက်လေ့လာနိုင်ဖို့အတွက်တော့ နှစ် ၄ သန်းလောက်ကြာမြင့်နိုင်ပါတယ် ။

Writer – Min Thu ( XYZ News )

Ads