ဖုန်းတစ်လုံးကိုဘယ်လိုနည်းနဲ့ဟက်လို့ရနိုင်လဲ ။ ဖုန်းတစ်လုံးကို ဟက်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ Spy Phone App , Spyzie နဲ့ Spyera အစရှိတဲ့ App တွေကိုအသုံးပြုပြီးတော့ ဟက်နိုင်သလို အင်တာနက်ကဖေးတွေမှာလွှင့်ထားတဲ့ ဖရီးဝိုင်ဖိုင်တွေကတစ်ဆင့်လည်း ဟက်နိုင်ပါသေးတယ်။

ထို့အပြင် SMS Phishing လို့ခေါ်တဲ့ အယောင်ဆောင်စာပို့မှုတွေနဲ့ သုံးစွဲသူဆီကအချက်အလက်တွေကို တောင်းယူကာ ဘဏ်အကောင့် သို့မဟုတ် ဓါတ်ပုံတွေကို ဟက်ယူနိုင်သေးသလို SS7 လို့ခေါ်တဲ့ ကြားဖြတ်ဖုန်းခေါ်ဆိုမှုကိုနားထောင်တဲ့နည်းစနစ်တွေလည်းရှိနေပါသေးတယ်။ ဒီတော့ ကိုယ့်ဖုန်း အဟက်ခံထားရရင်ဘယ်လိုသိနိုင်မလဲ ။

ကိုယ်မသိပဲနောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ စပိုင်ပရိုဂရမ်တစ်ခုရှိနေတာကြောင့် ဖုန်းဘတ္ထီရီကုန်တာအရမ်းမြန်လာမယ် ။ ဖုန်းမသုံးပဲ ချထားရင်တောင်မှ အလိုအလျောက်ပူလာနေမယ် ။ အလိုအလျောက်ပိတ်သွားတာမျိုး ၊အလိုအလျောက်ဖုန်းခေါ်ဆိုတာမျိုးတွေရှိလာမယ် ။Call History မှာ ကိုယ်မသိတဲ့နံပတ်တွေပေါ်နေမယ် ။ ပါဝါခလုတ်ဖိထားရင် ဖုန်းပိတ်ရမယ့်အစား အခြား app တွေပွင့်လာမယ် ။ ဖုန်းပြောတဲ့အခါ ဆူညံသံတွေကြားနေရလိမ့်မယ်။

ဒါဆိုရင် ကိုယ့်ဖုန်းကိုဘယ်လိုကာကွယ်ရမလဲ ။ကိုယ့်ဖုန်းထဲ SMS က တစ်ဆင့်ဝင်လာတဲ့ အင်တာနက်လိပ်စာလင့်တွေကို ဘယ်တော့မှမနှိပ်ပါနဲ့ ။ ကိုယ့်ကွန်ပြူတာမဟုတ်တဲ့အခြားကွန်ပြူတာတစ်လုံးမှာတပ်ပြီးအားသွင်းတဲ့အခါ “Only Charging” ကိုပဲရွေးပါ ။

“Remember Psswords” ဖန်ရှင်ကိုဘယ်တော့မှမသုံးပါနဲ့ ။

အခမဲ့ဝိုင်ဖိုင်တွေမှာဆိုရင်လည်း Password ခံထားတဲ့ ဝိုင်ဖိုင်တွေကိုသာရွေးသုံးပါ ။ (ဝိတ်တာတွေဆီမှာ Password တောင်းပါ)
အွန်လိုင်းငွေပေးချေစနစ်တွေအသုံးပြုတဲ့အခါမျိုးမှာ ဝိုင်ဖိုင်အသုံးပြုပြီး ငွေလွှဲတာမျိုးလုံးဝမပြုလုပ်သင့်ပါဘူး ။
ဖုန်းထဲမှာ Anti-virus ပရိုဂရမ်တစ်ခုထည့်သွင်းထားတာ အကောင်းဆုံးပါပဲ။

Writer – Min Thu ( XYZ News )

Ads