အခုခေတ်စစ်တပ်သုံးဟယ်လီကော်ပတာတွေဟာ အမျိုးမျိုးသောအရည်အသွေးတွေနဲ့ကြွယ်ဝနေရပါတယ်။ အဲ့အရည်အသွေးတွေထဲမှာတော့ တိုက်ရည်ပါဝါ၊ ပဲ့ကိုင်နိုင်ခြင်း၊ အမြန်နှုန်း စတာတွေပါဝင်ပါတယ်။ ဒါမဲ့လဲတစ်ခါတစ်လေမှာဒီလိုဟယ်လီကော်ပတာမျိုးရဖို့ဆိုရင် ပိုက်ဆံတွေအများကြီးအကုန်အကျခံပီးဆောက်လုပ်ရပါတယ်။ ဒါကြောင့် အခုဆိုရင်တော့စာဖတ်သူတို့အတွက် ကမ္ဘာဈေးအကြီးဆုံးဟယ်လီကော်ပတာများစာရင်းကိုတင်ပြလိုက်ရပါတယ်။

၁၀။သြဂတ်စတာ ဝက်စ်လန်ဒ် aw101

ဒီ aw101 ကိုတော့ သြဂတ်စတာဝက်စ်လန်ဒ် ကနေပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးအတွက်သာမက ပြည်သူ့ရေးရာအတွက်ပါ။အဆိုပါဟယ်လီကော်ပတာကိုအသုံးပြုပါတယ်။ ဒီဟယ်လီကော်ပတာကိုဆောက်လုပ်ဖို့အတွက် မီလံယံဒေါ်လာ ၂၁ အကုန်အကျခံခဲ့ရပါတယ်။ သူဟာ စစ်ရေးတိုက်ခိုက်မှုနဲ့ ဥပဒေအတွက်ပဲဆောက်လုပ်ထားတာထက်ကိုပိုပါတယ်။ သူဟာ လူ ၃၀ ကိုသယ်ဆောင်နိုင်ပီး စစ်တပ်ဗားရှင်းအတွက်ဆိုရင်တော့ ယူကေရဲ့တော်ဝင်လေတပ်နဲ့ကနေဒီယန်စစ်တပ်နဲ့အတူရှာဖွေကယ်ဆယ်ရေးတွေကိုလုပ်ဆောင်လျက်ရှိပါတယ်။ အီတလီစစ်တပ်နဲ့ပူးပေါင်းပီးတော့ ရေငုပ်သင်္ဘောဆန့်ကျင်မှု လေကြောင်းပြသတာတွေ၊ ကုန်းရေစစ်ဆင်မှုတွေကိုလဲလုပ်ဆောင်ခဲ့ပါတယ်။

၉။အန်အိတ်ချ် စက်မှု nh90

Nh90 ဟာဆိုရင် အလတ်စား၊ အင်ဂျင် ၂ လုံးပါရှိတဲ့၊ နေရာစုံသုံးတဲ့ စစ်တပ်သုံးဟယ်လီကော်ပတာဖြစ်ပါတယ်။ ဒီဟယ်လီကော်ပတာကိုတော့ အန်အေတီအိုရဲ့တိုက်ဟယ်လီကော်ပတာလိုအပ်ချက်တွေအတိုင်း ထပ်မံပီးတော့ဖြည့်စွက်ထားပါတယ်။ သူ့မှာဆိုရင် ရေကြောင်းဆိုင်ရာပတ်ဝန်းကျင်တွေမှာလဲ ကောင်းစွာအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။ ဒီဟယ်လီကော်ပတာမှာဆိုရင်တော့ စံနှစ်မျိုးရှိပါတယ်။

ပထမတစ်ခုက ဗျူဟာဟယ်လီကော်ပတာ(TTH) ဖြစ်ပီးစစ်တပ်နဲ့ အန်အေတီအိုစစ်သင်္ဘောအတွက်ရေကြောင်းဟယ်လီကော်ပတာအတွက်အသုံးပြုပါတယ်။ ဒီဟယ်လီကော်ပတာဟာ စစ်သား အယောက် ၂၀ နဲ့ ကုန်ပစ္စည်း ၂၅၀၀ ကီလိုဂရမ်ကိုကိုသယ်ဆောင်နိုင်ပါတယ်။ ဟယ်လီကော်ပတာရဲ့တန်ဖိုးက ၂၄.၃ မီလီယံဒေါ်လာရှိပါတယ်။ အဲ့အပြင် သူဟာ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ အိုမန်၊ဆွီဒင်၊ နဲ့ ဘယ်ဂျီယံနိုင်ငံတွေနဲ့အတူအလုပ်လုပ်လျက်ရှိပါတယ်။

၈။ဘိုးအင်း ch-47 ချီနော့ခ်

ဘိုးအင်း ch-47 ချီနော့ခ် ဟာဆိုရင်အမေရိကန်ဟယ်လီကော်ပတာဖြစ်ပီး အင်ဂျင် ၂ လုံး၊ လေရဟတ် ၂ ခုပါဝင်ပါတယ်။ အမေရိကန် လေရဟတ်ကုမ္ပဏီ ဗာတာ မှစတင်ပျိုးပေးခဲ့တာဖြစ်ပီး ဘိုးအင်းဗာတယ် က ထုတ်လုပ်ပေးခဲ့တာနှစ် ၅၀ ကျော်ရှိပါပီ။

သူဟာဆိုရင် အလုပ်အရှည်ကြာဆုံးလုပ်ခဲ့တဲ့ ဝန်တွေအများကြီးသယ်နိုင်ခဲ့တဲ့ ဟယ်လီကော်ပတာဖြစ်ပါတယ်။တန်ဖိုးအနေနဲ့ကတော့ ၂၅.၁ မီလီယံဒေါ်လာရှိပါတယ်။ ခရီးသည် ၃၄ ယောက်နဲ့ဝန်ထုပ်အကြီးကြီးကိုလဲသယ်ဆောင်နိုင်ပါတယ်။

၇။ကာမန် sh2g စူပါပင်လယ်စပရိုက်

sh2g ဟာဆိုရင် အမေရိကန်ဟယ်လီကော်ပတာဖြစ်ပီး ရေငုပ်သင်္ဘောကိုဆန့်ကျင်ကာကွယ်တာ၊ မြေပြင်ခြိမ်းခြောက်ခံရမှုကိုဆန့်ကျင်ကာကွယ်နိုင်စွမ်း စတဲ့အရည်အသွေးတွေပါဝင်နေပါတယ်။ တန်ဖိုးအနေနဲ့ ၂၆ သန်းမီလီယံရှိပါတယ်။ ၁၉၈၄ ခုနှစ်မှာ ဒီဟယ်လီကော်ပတာကိုစတင်ဆောက်လုပ်ခဲ့ပါတယ်။

ယူအက်စ်စစ်တပ်ရဲ့လိုအပ်ချက်အတိုင်း ရေငုပ်သင်္ဘောဆန့်ကျင်ကာကွယ်ခြင်း၊ သင်္ဘောဒုံးကျည်ကာကွယ်ခြင်း၊ သင်္ဘောများကိုအနီးကပ်ထောက်လှမ်းခြင်း စတာတွေအပြင် ဒုတိယတာဝန်အနေနဲ့ ဆေးဝါး၊ ရှာဖွေကယ်ဆယ်ရေး၊ ကုန်ပစ္စည်းလွှဲပြောင်းရေး၊လှေငယ်များကိုပိတ်ပင်ခြင်း၊ သေနတ်ပစ်ခြင်း၊ မိုင်းရှာဖွေခြင်း စတဲ့တာဝန်တွေကိုထမ်းဆောင်လျက်ရှိပါတယ်။

၆။စီကိုစကိုင်း MH60R ပင်လယ်လူသန်ကြီး

ဒီဘက်စုံသုံးဟယ်လီကော်ပတာဟာဆိုရင် ယူအက်စ် ရေတပ်ထဲက sh-60B နဲ့ sh-60F ဟယ်လီကော်ပတာတွေရဲ့အစားထိုးဖြစ်ပါတယ်။ သူရဲ့စွမ်းဆောင်နိုင်စွမ်းတွေကတော့ ရေငုပ်သင်္ဘောဆန့်ကျင်ကာကွယ်ခြင်း၊ သင်္ဘောဒုံးကျည်ကာကွယ်ခြင်း၊ သင်္ဘောများကိုအနီးကပ်ထောက်လှမ်းခြင်း စတာတွေအပြင် ဒုတိယတာဝန်အနေနဲ့ ဆေးဝါး၊ ရှာဖွေကယ်ဆယ်ရေး၊ ကုန်ပစ္စည်းပေးပို့ရေး စတာတွေပဲဖြစ်ပါတယ်။

ဒီဟယ်လီကော်ပတာဟာဆိုရင် ၂၇၂၁.၅၅ ကီလိုဂရမ်၊ ၆၀၀၀ ပေါင် သောဝန်တွေကိုသယ်ဆောင်နိုင်ပါတယ်။ MH-60R ဟာဈေးအကြီးဆုံးဟယ်လီကော်ပတာတစ်ခုဖြစ်ပီး သူ့ကုန်ကျစရိတ်ကတော့ ၂၈ မီလီယံဒေါ်လာဖြစ်ပါတယ်။

၅။Mi-35M

Mi-35M ဟာဘက်စုံသုံးတိုက်ဟယ်လီကော်ပတာဖြစ်ပီး ရုရှားရဲ့ဟယ်လီကော်ပတာအားလုံးရဲ့အထောက်အပံ့အနေနဲ့ ရို့စ်ပေါ့တ် ကထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒီအဆင့်မြင့်ဟယ်လီကော်ပတာဟာဆိုရင် အင်မတန်တိကျစွာချိန်ရွယ်နိုင်တဲ့ စစ်လက်နက်တွေပါဝင်ပီး မြေပြင်ကစစ်ဆင်ရေးတွေအတွက်လေကြောင်းထောက်ပံ့မှုတွေကိုပြုလုပ်ပါတယ်။

သူဟာ ရုရှားလေတပ်ရဲ့တီထွင်မှုတွေထဲက အဆင့်မြင့်ဆုံးတိုက်ဟယ်လီကော်ပတာထဲကတစ်ခုဖြစ်ပါတယ်။ ဗင်နီဇွဲလား၊ ဘရာဇီး၊ အာဇာဘိုင်ဂျန်၊ နိုင်ဂျီရီးယား၊ ကာဇက်စတန်၊မာလီ စတဲ့နိုင်ငံတွေနဲ့လဲ စစ်ဆင်ရေးတွေပြုလုပ်လျက်ရှိပါတယ်။ သူ့ရဲ့ကုန်ကျစရိတ်ကတော့ ၃၆ မီလီယံဒေါ်လာပါ။

၄။စီကိုစကိုင်း S-70B

စတန်းဖို့ဒ်၊ ကွန်တီကတ်ပြည်နယ် မှာစီကိုစကိုင်းလေယာဉ်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ယူအက်စ်စစ်တပ်ရဲ့ဟယ်လီကော်ပတာဖြစ်တဲ့ uh-60 ကိုပွားထားတဲ့ အဆင့်ထပ်မြှင့်ထားတဲ့ ဟယ်လီကော်ပတာဖြစ်ပါတယ်။ သူဟာဆိုရင် ရှိနေတဲ့သင်္ဘောကနေ ၁၀၀ ကီလိုမီတာအထိပျံသန်းနိုင်ပါတယ်။

ဟယ်လီကော်ပတာရဲ့အလေးချိန်ဟာ ၆ တန်အနည်းငယ်ကျော်ပါတယ်။ ၉၉၂၆ ကီလိုဂရမ်အလေးချိန်ကိုသယ်ဆောင်နိုင်ပါတယ်။ ခရီးသည်ကတော့ ၁၂ ယောက်သယ်နိုင်ပါတယ်။

၃။ဘိုးအင်း AH-64 အာပါချီ

AH-64 ဟာ အင်ဂျင် ၂ လုံးပါတဲ့စစ်တိုက်ဟယ်လီကော်ပတာဖြစ်ပါတယ်။ သူ့ကို မက်ဒေါ်နယ်လ် ဒေါက်ဂလပ်စ် ကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က ယူအက်စ်စစ်တပ်ထဲကိုစတင်ဝင်ရောက်ခဲ့ပီး အီဂျစ်၊ ဂရိ၊ နယ်သာလန်၊ ဂျပန်၊အစ္စရေး၊ ဆော်ဒီ၊ အာရတ်၊ ယူကေ စတဲ့နိုင်ငံတွေဆီကိုတင်သွင်းခံခဲ့ရပါတယ်။ ယူအက်စ်စစ်တပ်မှာ အာပါချီ ၈၀၀ ကျော်ရှိပါတယ်။ ၁၀၀၀ ကျော်ကိုတော့တင်သွင်းထားခဲ့ပါတယ်။ သူ့ကို ပနားမားကစစ်ဆင်ရေး၊ သဲကန္တာရစစ်ဆင်ရေး စတာတွေမှာပါအသုံးပြုခဲ့ပါတယ်။ အဲ့အပြင် ငြိမ်းချမ်းရေးစစ်ဆင်ရေးတွေမှာလဲအသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ကုန်ကျစရိတ်က ၅၂ မီလီယံဒေါ်လာဖြစ်ပါတယ်။

၂။စကိုစကိုင်း CH-53K king stallion

CH-53K ဟာ ကြီးမားလေးလံတဲ့ကုန်တွေသယ်တဲ့ဟယ်လီကော်ပတာဖြစ်ပါတယ်။စကိုစကိုင်းလေယာဉ်ကုမ္ပဏီက ယူအက်စ် ရေတပ်အတွက်ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းဟာဆိုရင်မြင်းကောင်ရေ ၇၅၀၀ ရှိပီး ၉၉ ကီလိုဝပ်၊ ပေါင်းစပ်လေရဟတ်တွေ၊ပိုကျယ်တဲ့အတွင်းပိုင်း စတာတွေပါဝင်ပါတယ်။

သူဟာဆိုရင် အမေရိကန်စစ်တပ်မှာအကြီးဆုံး၊ အလေးလံဆုံးဟယ်လီကော်ပတာဖြစ်ပါတယ်။ ခရီးသည် ၅၅ ဦးတင်ဆောင်နိုင်ပါတယ်။ သူ့ရဲ့ကုန်ကျစရိတ်ဟာဆိုရင် ၆၅ မီလီယံဒေါ်လာရှိပါတယ်။

၁။ဘဲလ်ဘိုးအင်း V-22

V-22 ဟာ ဘိုးအင်းနဲ့ဘဲလ်ဟယ်လီကော်ပတာမှထုတ်လုပ်ထားတဲ့ ထူးခြားတဲ့လေရဟတ်တွေပါဝင်တဲ့ဟယ်လီကော်ပတာဖြစ်ပါတယ်။သူဟာဆိုရင် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်ပီး စစ်သည် ၂၄ ယောက် နဲ့ ပေါင် ၆၀၀၀ ဝန်တွေကိုသယ်ဆောင်နိုင်ပါတယ်။ သူ့ကိုဆောက်လုပ်ဖို့အတွက် ၆၈ မီလီယံဒေါ်လာကုန်ကျခဲ့ပါတယ်။

Source- Youtube
Writer – Min Thu (Daily Hot News )

Ads