UV အလင်းရောင်သုံးပြီး အလိုလို ပိုးသတ်နိုင်တဲ့ ဒိုင်းသဖွယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ပေးတဲ့ ဝတ်ရုံကို တရုတ်ပညာရှင် ဆန်တာ့ယန်းက တီထွင်ထုတ်လုပ်လိုက်ပါတယ်။

လင်းနို့ဘတ Be a Bat Man လို့ နာမည်ပေးထားတဲ့ ဒီ ဝတ်ရုံဟာ ရွေ့လျားဘေးကင်းရေးကိရိယာဝတ်စုံလည်း ဖြစ်ပြီး ကိုရိုနာအရေးပေါ်အခြေအနေမှာ အန္တရာယ်အနေအထားကနေ ကာကွယ်မှုပေးတဲ့ ဒိုင်းသဖွယ်ဖြစ်တယ်လို့ penda ဗိသုကာစတူဒီယိုကို ပူးတွဲတည်ထောင်တဲ့ ဆန်တာ့ယန်းက ပြောပါတယ်။

ဒိုင်းအကာကို carbon fibre နဲ့ လု့်ထားပြီး လင်းနို့တောင်ပံပုံ ဖြစ်ပါတယ်။ ဒီ ဝတ်ရုံကို နောက်ကျောမှာ ဝတ်ဆင်ထားပြီး လင်းနို့တောင်ပံ ဖြန့်ဆန့်ကာ ဝတ်ဆင်သူကို လွှမ်းအုပ်ပေးနိုင်တာပါ။ လင်းနို့တွေ အိပ်တန်းတက်တဲ့အခါ ကိုယ်လုံးကို တောင်ပံတွေနဲ့ လွှမ်းအုပ်ထားသလိုမျိုးပါပဲ။

အဲဒီ ဒိုင်းဝတ်ရုံရဲ့ အခွံအကာကို ဝါယာကြိုးတွေ ဆက်နွယ်ထားပြီး ကျရောက်လာတဲ့ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကို သေစေနိုင်လောက်တဲ့ အပူချိန် ထုတ်လွှတ်ထားပါတယ်။ ဒိုင်းအကာထဲက လူအတွက်တော့ မျှတတဲ့ ရာသီပတ်ဝန်းကျင်မျိုးရအောင် ဖန်တီးပေးထားပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ဟာ အပူချိန် ၅၆ ဒီဂရီဆဲလ်စီးရပ်မှာ သေဆုံးပါတယ်။ အခု ဒိုင်းအကာကို ဖန်တီးထားတာဟာ ကားတွေက လေကာလိုမျိုးပါပဲ။ ထိတွေ့လာတဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အပူချိန် ထုတ်လွှတ်ပါတယ်။ အခု လင်းနို့တောင်ပံ ဝတ်ရုံကို ရောင်းတမ်းတင် ထုတ်လုပ်ဖို့တော့ တီထွင်ဖန်တီးမှုတွေ ပိုလုပ်ရဦိးမှာ ဖြစ်ပါတယ်။”လို့ ဆန်တာ့ယန်းက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုးနှာချေရာကနေ ကူးစက်နိုင်တာပဲဆိုတာ မကျိန်းသေသေးပေမယ့်လည်း လူတွေ အများစုဟာ ကာကွယ်ဖို့အတွက် mask တွေကိုပဲ အားကိုးနေရတာ ဖြစ်ပါတယ်။

Rf; Dezeen
Writer_ မောင်သံဆင့်(XYZ News)

Ads