လ ဆိုတဲ့ ဂြိုလ်သိမ်ကြီးဟာ ကမ္ဘာကိုပတ်နေခဲ့တာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄.၅ သန်းခန့်လောက်ထဲကပါပဲ။ပင်လယ်ရေမျက်နှာပြင်အတက်အကျ ၊ ဒီရေ နဲ့ သတ္တဝါတွေရဲ့ ဖြစ်တည်မှုအပေါ်မှာ သက်ရောက်မှုများစွာရှိနေတဲ့ အရာတစ်ခုဆိုလည်းမမှားပါဘူး။ ဒီတော့ လမင်းကြီးကို နျုးကလီးယားဗုံးခွဲပြီး ဖျက်ဆီးလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ သင်သိချင်မှသိမယ့်ကိစ္စတစ်ခုဆိုပေမယ့် ရုးရှားနဲ့ အမေရိက နှစ်နိုင်ငံလုံးဟာ လပေါ်မှာ နျုးကလီးယားဗုံးဖောက်ခွဲဖို့ကြိုးစားခဲ့ဖူးပါတယ်။

သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ လပေါ်မှာ နျုးကလီးယားဗုံးပေါက်တဲ့အခါမှာ ဖြစ်နိုင်ချေတွေကို လေ့လာဖို့ရယ် ၊ အာကာသအတွင်း နျူလက်နက်တွေသုံးစွဲဖို့အတွက် ဝေဖန်သုံးသပ်ဖို့ရယ်ပါတဲ့။ ဒါပေမယ့် တကယ်တမ်းကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြိုင်ဆိုင်နေတဲ့အချိန်မှာ အင်အားပြချင်တဲ့အတွက် အခုလိုလုပ်ဆောင်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ လပေါ်မှာ နျုးကလီးယားဗုံးမဖောက်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကတော့ ဖြစ်လာမယ့်အရာတွေကို သူတို့တွက်ဆခဲ့မိလို့ပါပဲ။

လပေါ်မှာ နျုးကလီးယားဗုံးဖောက်ခွဲခဲ့မယ်ဆိုရင် လရဲ့မြေဆွဲအားဟာအလွန်နည်းပါးတာကြောင့် ပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ ကျောက်သားတွေဟာ ကမ္ဘာအထိရောက်လာပြီး ပျက်ဆီးမှုအကြီးအကျယ်ဖြစ်စေနိုင်ပါတယ်။ လပေါ်က ကျောက်သားတွေပဲ့ထွက်ကုန်မှာဖြစ်တဲ့အတွက် လရဲ့အရွယ်အစားပြောင်းလဲသွားတာကြောင့် ပတ်လမ်းတွေပြောင်းလဲကုန်ပါလိမ့်မယ်။ လရဲ့ပတ်လမ်းပြောင်းလာတဲ့အခါ ကမ္ဘာပေါ်မှာ ငလျင်တွေ ၊ ဆူနာမီတွေ ၊ မီးတောင်ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာနိုင်ပါတယ်။

ထို့အပြင် လနဲ့ကမ္ဘာဟာအချင်းချင်းသက်ရောက်ဆွဲငင်အားရှိတာကြောင့်လလမ်းကြောင်းပြောင်းသွားတဲ့အခါ ကမ္ဘာလည်း ပတ်လမ်းအနေအထားပြောင်းလဲသွားပါလိမ့်မယ်။ ကမ္ဘာရဲ့ပတ်လမ်းပြောင်းလဲသွားတဲ့အခါမှာတော့ သဘာဝတရားကြီးရယ် ၊ ပင်လယ်သမုဒ္ဒရာ ဒီရေ အခြေအနေတွေ ၊ နေကြတ်လကြတ်မှုတွေနဲ့ သက်ရှိတွေရဲ့ဘဝတွေပါပြောင်းလဲသွားပါလိမ့်မယ်။

Writer – Min Thu ( XYZ News )

Ads