အလွန်ကြီးမားသောဂြိုလ်သိမ်ဂြိုလ်မွှားကြီးဟာ ကမ္ဘာကိုဝင်ဆောင့်လိမ့်မည်ဖြစ်ပြီး ၎င်းရဲ့အကျိုးဆက်ကလူသားမျိုးနွယ်အား ကပ်ဘေးဆိုက်ရောက်စေမည်ဟုသိပ္ပံပညာရှင် Stephen Hawking က မကွယ်လွန်ခင်မှာ သတိပေးခဲ့ပါတယ် ။

သိပ္ပံပညာရှင် Stephen Hawking မကွယ်လွန်မီကအလွန်စိတ်ဝင်စားဖွယ်ကောင်းသောမေးခွန်းကြီးများကိုအတိုချုံးဖြေကြားခဲ့ပြီးထိုပြောကြားချက်များကိုသူကွယ်လွန်ပြီးမကြာမီတွင်ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပါတယ် ။

Stephen Hawking က ကမ္ဘာကြီးအားပျက်သုဉ်းစေနိုင်မည့်ဖြစ်စဉ်များကိုကြိုတင်ခန့်မှန်းသွားခဲ့တာဖြစ်ပြီး ၎င်းဖြစ်စဉ်များထဲတွ င်နူကလီးယားစစ်ပွဲ၊ဂြိုလ်သားတို့၏ ကျုးကျော်တိုက်ခိုက်မှုနှင် ရာသီဥတုအခြေအနေပြောင်းလဲမှုတို့ပါဝင်ပါတယ် ။ ဒါ့အပြင်စကြဝဠာအတွင်းမှအရာဝတ္ထုများကြောင့်လည်း လူသားမျိုးသုဉ်းနိုင်တယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ် ။

သူရေးသားခဲ့သော စာအုပ်ထဲတွင်စကြဝဠာကြီးသည်အလွန်ပြင်းထန်ကြမ်းတမ်းသောနေရာဖြစ်တယ်လို့ဖော်ပြထားပါတယ် ။ “ကြယ်တွေဟာဂြိလ်များကိုဝါးမြိုပါတယ်။ကြယ်တွေကပေါက်ကွဲထွက်လာတဲ့မီးလျံတွေ၊သေစေနိုင်တဲ့ရောင်ခြည်တွေဟာစကြဝဠာတစ်ခုလုံးပြန့်ကြဲနေပါတယ်။Black Holeတွေအချင်းချင်းဆောင့်မိတတ်ကြပြီးဂြိုလ်သိမ်ဂြိလ်မွှားတွေကလည်းတစ်စက္ကန့်ကိုမိုင်ပေါင်းထောင်နှင့်ချီကာလွင့်စင်နေကြပါတယ် “ လို့လည်းရေးသားထားပါတယ်။

ဆက်လက်ပြီးသူက “ဒီအချက်တွေကြောင့်ပဲဤစကြဝဠာကြီးဟာနှစ်လိုဖွယ်ကောင်းတဲ့နေရာမဟုတ်ဘူးဆိုတာမှန်ပါတယ်။အကယ်၍ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုသာကမ္ဘာကိုဝင်ရောက်တိုက်မိမယ်ဆိုရင်ကျွန်တော်တို့တတ်နိုင်တာမရှိပါဘူး “လည်းဆိုပါတယ်။

လွန်ခဲ့သောနှစ်66သန်းခန့်ကလည်းဂြိုလ်သိမ်ဂြိုလ်မွှားကြီးတစ်ခုကမ္ဘာကိုဝင်ရောက်တိုက်မိတာကြောင့်ဒိုင်နိုဆောတွေမျိုးသုဉ်းခဲ့ရပါတယ်။ထိုအဖြစ်အပျက်ဟာနောက်တစ်ကြိမ်ဖြစ်ပွားလိမ့်ဦးမယ်ဟု Stephen Hawkingကဟောကိန်းထုတ်ထားပါတယ်။

Writer- Mg Kyaw ( YGN Times )

Ads