ပြင်သစ်နိုင်ငံသား ဖရန်ကီ ဇာပတာဟာ သူကိုယ်တိုင်တီထွင်ထားတဲ့ ဂျက်အင်ဂျင်သုံး လေပေါ်ပျံစက်ကိုစီးပြီး ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံကြားက ရေလက်ကြားပေါ်ကို ဒုတိယအကြိမ် ပျံသန်းမှု အောင်မြင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဇာပတာဟာ အသေးစား ဂျက်အင်ဂျင် ငါးလုံးတပ်ဆင်ထားတဲ့ နင်းပြားနဲ့ ရေနံဆီ ၄၂ လီတာထည့်တားတဲ့ ကျောပိုးအိတ်ကိုစီးပြီး ပြင်သစ်နိုင်ငံ ဆွန်ဂတ်မြို့ကနေ စတင်ထွက်ခွာခဲ့ပါတယ်။

မိနစ် ၂၀အတွင်း ဗြိတိန်ပိုင်နက်ထဲက ဒိုဗာမြို့ကို ရောက်ဖို့ ကြိုးစားခဲ့တာပါ။ သူဟာ flyboadကို စီးပြီး ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံကြားက ရေလက်ကြားပေါ် ဖြတ်သန်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် လမ်းတစ်ဝက်မှာ လောင်စာပြန်ဖြည့်ဖို့ လွှဲချော်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ ပန်းတိုင်ထိမရောက်ဘဲ ရေထဲပြုတ်ကျသွားခဲ့ပါတယ်။

အဲဒီလေပေါ်ပျံစက်ဟာ အမြင့် ၁၅ မီတာကနေ မီတာ ၂၀ အထိ ရောက်ရှိနိုင်ပြီး တစ်နာရီကို ၈၇ မိုင်အထိ ပျံသန်းနိုင်ပါတယ်။

မြို့တော်ပါရီမှာ ကျင်းပခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားမှာ ဇာပတာက အဲဒီလေပေါ်ပျံစက်ကို ပထမဆုံး စီးပြခဲ့တာပါ။

ဇာပတာရဲ့ ပြကွက်ကို အခမ်းအနား တက်ရောက်လာတဲ့ ပြင်သစ်သမ္မတ အီမန် နျူရယ် မက်ခရွန်းနဲ့ ဥရောပခေါင်းဆောင်တွေက အားပေးခဲ့တဲ့အပြင် အင်တာနက်စာမျက်နှာတွေပေါ်မှာ လည်း ပျံ့နှံ့ခဲ့ပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )

Ads