ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိတဲ့ ခတ်အမှီဆုံး အမေရိကန်ရဟတ်ယာဉ်တွေနဲ့ တခြားပစ္စည်း ကိရိယာတွေကို အိန္ဒိယ စစ်တပ်ကို ရောင်းဖို့ အမေရိကန်နဲ့ အိန္ဒိယ နိုင်ငံကြား လက်မှတ်ရေးထိုးမယ်လို့ သမ္မတ ထရွန့် ကပြောကြားခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတ ထရွန့် က Ahmedabad မြို့က အားကစားကွင်းကြီးမှာ သောင်းသောင်းဖြဖြ ကြိုဆိုနေကြတဲ့ ပရိတ်သတ် ၁ သိန်းကျော်ကို မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

“၂ နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တည်ဆောက်နေတာနဲ့အတူ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ ခေတ်အမှီဆုံး အမေရိကန် စစ်လက်နက်ပစ္စည်းတချို့ကို အိန္ဒိယကိုရောင်းချသွားမယ်”လို့ သမ္မတ ထရွန့် ပြောကြားသွားတာဖြစ်ပါတယ်။

အဲ့အထဲမှာ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ် အပြင်၊ လက်နက် တပ်ဆင်ထားတဲ့ အဝေးထိန်းလေယာဉ်တွေရော လက်နက်မပါတဲ့ အဝေးထိန်းလေယာဉ်တွေကိုပါ ရောင်းချသွားမယ်လို့ သမ္မတက ကြေညာသွားပါတယ်။

အိန္ဒိယ နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ အခြေအတင်ဖြစ်နေချိန်သွားရောက်တဲ့ အခုခရီးစဉ်မှာ အိန္ဒိယ နဲ့အကြီးကျယ်ဆုံး ကုန်သွယ်ရေးသဘောတူညီချက် ရရှိအောင် လုပ်သွားမယ်လို့ မိန့်ခွန်မှာပြောကြားသွားခဲ့ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ကလည်း ကုန်သွယ်ရေးသဘောတူညီချက်အတွက် အကောင်းမြင်ပြောကြားသွားပါတယ်။

zawgyi

ေဒၚလာ ၃ ဘီလ်ံတန္ဖိုးရွိတဲ့ ခတ္အမွီဆုံး အေမရိကန္ရဟတ္ယာဥ္ေတြနဲ႔ တျခားပစၥည္း ကိရိယာေတြကို အိႏၵိယ စစ္တပ္ကို ေရာင္းဖို႔ အေမရိကန္နဲ႔ အိႏၵိယ ႏိုင္ငံၾကား လက္မွတ္ေရးထိုးမယ္လို႔ သမၼတ ထ႐ြန႔္ ကေျပာၾကားခဲ့ပါတယ္။ အိႏၵိယ ႏိုင္ငံမွာ ေရာက္ရွိေနတဲ့ သမၼတ ထ႐ြန႔္ က Ahmedabad ၿမိဳ႕က အားကစားကြင္းႀကီးမွာ ေသာင္းေသာင္းျဖျဖ ႀကိဳဆိုေနၾကတဲ့ ပရိတ္သတ္ ၁ သိန္းေက်ာ္ကို မိန႔္ခြန္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

“၂ ႏိုင္ငံစစ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို ဆက္လက္တည္ေဆာက္ေနတာနဲ႔အတူ ကမာၻေပၚမွာ အေကာင္းဆုံးနဲ႔ ေခတ္အမွီဆုံး အေမရိကန္ စစ္လက္နက္ပစၥည္းတခ်ိဳ႕ကို အိႏၵိယကိုေရာင္းခ်သြားမယ္”လို႔ သမၼတ ထ႐ြန႔္ ေျပာၾကားသြားတာျဖစ္ပါတယ္။

အဲ့အထဲမွာ အဆင့္ျမင့္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ အျပင္၊ လက္နက္ တပ္ဆင္ထားတဲ့ အေဝးထိန္းေလယာဥ္ေတြေရာ လက္နက္မပါတဲ့ အေဝးထိန္းေလယာဥ္ေတြကိုပါ ေရာင္းခ်သြားမယ္လို႔ သမၼတက ေၾကညာသြားပါတယ္။

အိႏၵိယ နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရးဆိုင္ရာ အေျခအတင္ျဖစ္ေနခ်ိန္သြားေရာက္တဲ့ အခုခရီးစဥ္မွာ အိႏၵိယ နဲ႔အႀကီးက်ယ္ဆုံး ကုန္သြယ္ေရးသေဘာတူညီခ်က္ ရရွိေအာင္ လုပ္သြားမယ္လို႔ မိန႔္ခြန္မွာေျပာၾကားသြားခဲ့ပါတယ္။ အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒီ ကလည္း ကုန္သြယ္ေရးသေဘာတူညီခ်က္အတြက္ အေကာင္းျမင္ေျပာၾကားသြားပါတယ္။

 

Ads