အကျယ်အားဖြင့် မီတာ ၈၀၀ နီးပါးရှိတဲ့ Didymos ဥက္ကာခဲကြီးဟာ ကမ္ဘာဆီကို ဦးတည်ပြီး လာနေတဲ့ဥက္ကာခဲတစ်ခုတော့မဟုတ်ပါဘူး ။

ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ လမ်းကြောင်းပြောင်းသွားပြီး ကမ္ဘာဆီကို ဝင်ရောက်လာနိုင်တဲ့အခြေအနေမှာရှိနေပါတယ် ။တစ်နာရီ မိုင် ၁၃၅၀၀ နှုန်းနဲ့ ပြေးနေတဲ့ ဥက္ကာခဲတစ်ခု ကမ္ဘာကိုဝင်တိုက်ခဲ့ရင် ရလာဒ်ကတော့ သိပ်ကောင်းမှာမဟုတ်ပါဘူး ။

အနည်းဆုံးတော့ ကမ္ဘာပေါ်ကျလာတဲ့အချိန်မှာ ဖုန်ထုကြီးတစ်ခုဖြစ်ပေါ်လာပြီး ဖုန်တွေ လေထဲထုထဲ ပျံ့နှံ့ကာ ရက်ပေါင်းများစွာနေအလင်းရောင်ကိုပိတ်ကွယ်ထားမှာတော့ အသေအချာပါပဲ ။

Moonlet လို့ခေါ်တဲ့ မီတာ ၁၅၀ အကျယ်အဝန်းရှိ ဥက္ကာခဲတစ်ခုကလည်း Didymos နဲ့အတူပါလာတာကိုလည်းတွေ့ထားရပါတယ် ။ကမ္ဘာနဲ့ ကီလိုမီတာ ၁၁သန်းအကွာမှာရှိတဲ့ ဒီဥက္ကာခဲကြီးတွေ ကမ္ဘာပေါ်ကို ကျမလာစေဖို့အတွက် နာဆာဟာ အာကာသထဲမှာ ဘိလိယက်ထိုး ဖို့ကြံစည်နေပါပြီ ။

Johns Hopkins တက္ကသိုလ်မှ အာကာသသိပ္ပံပညာရှင် ၊ DART အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Nancy Chabot ကတော့..

” အာကာသတွင်းလုပ်ဆောင်ရမယ့် မစ်ရှင်တွေမှာ တယ်လီစကုပ်တွေက အရေးကြီးအခန်းကဏ္ဍမှာပါဝင်ပါတယ် ။
သူ့ရဲ့ လကိုဝင်တိုက်ပြီး လမ်းကြောင်းလွှဲပစ်ဖို့အတွက်က လရဲ့တည်နေရာ အတိအကျသိဖို့လိုအပ်ပါတယ် ။

Didymos ရဲ့ဖွဲ့စည်းပုံစနစ်ကို သေချာသိရှိမှ လကိုဝင်တိုက်ပြီးတော့ လမ်းကြောင်းလွှဲပစ်လို့ရမှာပါ ။
ဒီလိုလုပ်ဖို့အတွက်လည်း အချိန်အကြာကြီး စီစဉ်ဖို့လိုအပ်ပါတယ် ။

Armageddon ရုပ်ရှင်ကားထဲကလိုမျိုးနောက်ဆုံးအချိန်မှာ အိပ်ရာကထပြီး ကမ္ဘာကိုကယ်လို့မရပါဘူး ။

Didymos ဥက္ကာခဲကြီးကိုလမ်းကြောင်းလွှဲမယ့် မစ်ရှင်ကို အနည်းဆုံးတော့ ၁၀ နှစ်တန်သည် ၊ နှစ် ၂၀ တန်သည်အထိ စီစဉ်သွားရပါလိမ့်မယ် ” လို့ပြောကြားသွားခဲ့ပါတယ် ။

Writer – Min Thu ( XYZ News )

Ads