ယူကရိန်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးစုစုံတွဲ ဟာ ရှေးခေတ်လူမျိုးစုတွေရဲ့ အချစ်ကြီးပုံတွေကို သက်သေပြလို့နေပါတယ်။ တွေ့ရှိခဲ့တာကတော့ အမျိုးသားနဲ့ အမျိုးသမီး အရိုးစုနှစ်ခုပါ။

ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ရှေးခေတ်အမျိုးသမီးတစ်ယောက်ဟာ သူတို့ချစ်ရတဲ့ အမျိုးသားနဲ့ နောင်ဘဝဆက်တိုင်း ချင်ခင်ပေါင်းသင်းနိုင်ဖို့ ထိုအမျိုးသားသေဆုံးချိန်မှာ အတူတူမြေမြှုပ်ခံခဲ့ကြတာပါတဲ့။ ယခုပုံမှာ အရိုးစုနှစ်ခုဟာ ပွေ့ဖက်လျက်သားတွေ့ရမှာပါ။

ထိုထူးဆန်းတဲ့အရိုးစုဟာ ကြေးခေတ်က စုံတွဲတစ်တွဲရဲ့ အရိုးစုဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ထိုအရိုးစုကို ယူကရိန်းနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Ternopil မြို့တောင်ဘက် Petrykiv အမည်ရှိတဲ့ရွာမှာ တူးဖော်တွေ့ရှိခဲ့တာပါ။ နှစ်ဦးသားပွေ့ဖက်ပီး နှဖူးချင်းထိနေကာ အကြည့်ချင်းဆုံနေတဲ့ထိုအရိုးစုကို ပါမေက္ခ Mykola Bandrivsky က “ အချစ်တစ်စုံမြုပ်နှံခြင်း” လို့အမည်ပေးထားပါတယ်။

အသေးစိတ်ပုံဖော်ကြည့်တဲ့အခါမှာတော့ “ အမျိုးသမီးရဲ့ ညာဘက်လက်နဲ့ အမျိုးသားကို ဖက်ထားပီး သူမရဲ့ ခြေထောက်က အမျိုးသားရဲ့ခြေထောက်ပေါ်မှာကွေးပီးတင်ထား တဲ့ပုံဖြစ်နေပါတယ်။ ဝတ်စားဆင်ယင်ပုံတွေကတော့ ကြေးခေတ်ပုံစံဖြစ်ပီး မြေနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကိုပါ ပူးတွဲတွေ့ရှိခဲ့ရပါတယ်။”

ဆေးပညာရှင်တွေရဲ့လေ့လာချက်တွေအရ သေဆုံးပီးသားအမျိုးသမီးတစ်ယောက်ကို ယခုပုံစံမျိုုးနေရာချဖို့မဖြစ်နိုင်ကြောင်းသေချာတဲ့အတွက် အမျိုးသမီးဟာ ရှင်ရက်နဲ့ မြေမြှုပ်ခံခဲ့တာသေချာနေခဲ့ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသမီးဟာ အဆိပ်သောက်သုံးခဲ့တယ်ဆိုတဲ့ ယူဆချက်ပါ။ အမျိုးသမီးဟာ အချိန်အတိုင်းအတာတစ်ခုအထိအစွမ်းမပြတဲ့ အဆိပ်တစ်မျိုးကိုသောက်သုံးပီး ဂူထဲဝင်ခဲ့တယ်ဆိုတာပါပဲ။ အမျိုးသမီးဟာ သူရဲ့ ချစ်သူအပေါ်သစ္စာမပျက်ချင်တာကြောင့် နောက်ဘဝမှာအတူတူပြန်လည်ပေါင်းဖက်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ သေချာသလောက်ပါပဲ။

Vysotskaya ယဉ်ကျေးမှုမှာ ထိုကဲ့သို့အတူတကွသေဆုံးရမယ်လို့ပြဌာန်းထားပေမဲ့ ထိုလုပ်ရပ်တွေတိုင်းဟာ ကာယကံရှင်အမျိုးသမီးတွေရဲ့ လိုလိုလားလားရှိတဲ့ ဆန္ဒအရသာ ထိုလုပ်ရပ်မျိုးကိုလုပ်ဆောင်တာပါလို့ လေ့လာတွေ့ရှိရပါတယ်။ ထိုခေတ်အခါက လူတွေဟာ နောက်ဘဝကို ယုံကြည်ကြသူတွေလည်းဖြစ်ပါတယ်။

Writer- စပွန့် ( XYZ News)

Ads