ကွန်ပြူတာဆိုတာဟာ ကိုယ့်အတွက်အလွန်အသုံးဝင်တဲ့အရာတစ်ခုဆိုပေမယ့် အသုံးဝင်အောင်သုံးတတ်ဖို့လိုပါတယ်။ ဒီတော့ ကွန်ပြူတာတစ်လုံးကို ဘယ်လိုလှည့်ကွက်လေးတွေနဲ့အသုံးပြုရမလဲဆိုတာ ပြောပြသွားမှာပါ။

၁- Control + T
Browser မှာ အခြား Tab တစ်ခုဖွင့်ချင်တယ်ဆိုရင် မောစ်နဲ့ အပေါင်းလက္ခဏာကို သွားကလစ်နေဖို့မလိုပဲ Control + T နှိပ်လိုက်ရင်လည်း ရပါတယ်။

၂- ကွန်ပြူတာမှာ error တစ်ခုခုတက်ခဲ့လျင် ပညာရှင်ဆီသွားမပြခင် အရင်ဆုံး ဂူးဂဲမှာရှာဖွေကြည့်ပါ။ဂူးဂဲပေါ်မှာ ထောင်ချီတဲ့ ကွန်ပြူတာပြဿနာတွေအတွက် အဖြေရှိပြီးသားဖြစ်တာကြောင့် အချိန်ကုန် သက်သာစေမယ့်အပြင် ပြင်ဆင်ခ ကုန်ကျစရိတ်လည်း သက်သာသွားပါလိမ့်မယ်။

၃- ငွေလဲနှုန်းတွေကို သိချင်တယ်ဆိုရင် ဂဏန်းပေါင်းစက်နဲ့တွက်ချက်နေစရာမလိုပဲ ဂူးဂဲ search bar မှာ 50 dollars to kyats လို့ရိုက်လိုက်ရုံနဲ့ အဖြေကို တန်းသိနိုင်ပါလိမ့်မယ်။

၄- google ပေါ်က ပုံတွေကို ဒေါင်းချင်ရင် right click နှိပ် Save လုပ်စရာမလိုပါဘူး။
Alt နဲ့ Left click နှိပ်ရုံနဲ့ သင်လိုချင်တဲ့ပုံကို Download ဆွဲလို့ရပါတယ်။

၅- IP Address ဆိုတာက အိမ်နံပတ်လိုပါပဲ။
ကိုယ့်ရဲ့ IP လိပ်စာကိုသိရင် ကိုယ်ဘယ်မှာရှိနေလဲဆိုတာကို ခြေရာခံလို့ရပါတယ်။ တကယ်လို့ ကိုယ့်ရဲ့တည်နေရာကို ဘယ်သူမှမသိစေချင်ရင်တော့ VPN လို့ခေါ်တဲ့ IP လိပ်စာကို ဖွက်ပေးတဲ့ ဆော့ဝဲတွေအသုံးပြုပါ။

၆- laptop ဘတ္ထရီ အားကုန်ခါနီး အခါမျိုးမှာ flightmode ချပြီးတော့အားသွင်းပါ။ အဲ့ဘိုအားသွင်းတဲ့အခါမှာ သာမန်အားသွင်းတာထက် ၁၅ မိနစ်နီးပါး အားပြည့်မြန်တာကိုတွေ့ရပါတယ်။

၇- ညလက်ကွန်ပြူတာသုံးတဲ့သူတွေအနေနဲ့ f.lux ဆိုတဲ့ ဆော့ဝဲကိုအသုံးပြုသင်ပါတယ်။ ဒီဆော့ဝဲဟာ ကွန်ပြူတာစခရင်ကို အချိန်နဲ့လိုက်ပြီး မျက်စိမထိခိုက်စေမယ့် အရောင်မျိုးပြောင်းလဲပေးတဲ့အတွက် ညဘက်ကွန်ပြူတာသုံးတဲ့သူတွေနဲ့အထူးသင့်လျော်တဲ့ ဆော့ဝဲလေးတစ်ခုပါပဲ.

Writer – Min Thu ( XYZ News )

Ads