ဗစ်တိုးရီးယားအမှုမှာ တာဝန်ကျေပွန်စွာမဆောင်ရွက်တဲ့ သူများကိုအရေယူဖို့ သမ္မတညွှန်ကြား

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်လို့ – ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က တင်ပြချက်များနဲ့ စပ်လျင်းပြီး

“လုပ်ထုံးလုပ်နည်းနဲ့အညီမဆောင်ရွက်နိုင်သော၊ တာဝန်ကျေပွန်စွာမဆောင်ရွက်နိုင်သော၊ လစ်ဟာမှုများဖြစ်ပေါ်ခဲ့သော၊ ဥပဒေပြဌာန်းချက်များနှင့်ညီညွတ်မှုမရှိသော တာဝန်ရှိသူများကို သက်ဆိုင်ရာအဖွဲ့အစည်းက လိုအပ်သလို အရေးယူဆောင်ရွက်ရန်လို့ ညွှန်ကြားထားပါတယ်”

လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ရက်စွဲနဲ့ သမ္မတရဲ့လမ်းညွှန်ချက်ကို သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)

Ads