ကမ္ဘာပါဝင်တဲ့ နေစကြဝဠာအပြင်ဖက်က ဂြိုဟ်တစ်လုံးမှာ ရေရှိနေတာကို ပထမဆုံးအဖြစ် သိပ္ပံပညာရှင်တွေ တွေ့ရှိပါတယ်။

ကမ္ဘာကနေ အလင်းနှစ် ၁၁၀ နှစ် ကွာဝေးတဲ့ မဟာကမ္ဘာဆိုတဲ့ ဂြိုဟ်ပေါ်မှာ ရေခိုးရေငွေ့ ရှိနေတာကို တွေ့ရှိတာပါ။ အဆိုပါ မဟာကမ္ဘာဂြိုဟ်ဟာ ကမ္ဘာထက် နှစ်ဆကြီးပြီး ထုထည်က ရှစ်ဆကျော် များတယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။

Leo ကြယ်တာရာအစုအဝေးထဲ ရှိနေပြီး တစ်ခြားသော နေကို လည်ပတ်နေတဲ့ ဒီဂြိုဟ်ကို K2-18b လို့ သတ်မှတ်ထားပြီး သက်ရှိဇီဝကို အထောက်အပံ့ဖြစ်နေနိုင်တဲ့ ဂြိုဟ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

အသစ်တွေ့ရှိတဲ့ ဒီ ဂြိုဟ်ရဲ့ လေထုဟာ ကောင်းမွန်ပြီး အပူချိန်ကလည်း သက်ရှိတွေ တည်ရှိနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေတယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်က သုတေသနအဖွဲ့က ပြောပါတယ်။

ဒီ ဂြိုဟ်ဟာ ၎င်း လည်ပတ်နေတဲ့ နေနဲ့ ပိုမိုနီးကပ်စွာ တည်ရှိနေတာကြောင့် နှစ်ကာလတွေ ပိုတိုတောင်းပြီး ဒီ ကမ္ဘာက နေကို လည်ပတ်တဲ့ ၃၆၅ ရက် တစ်နှစ် ရှိရာမှာ အဲဒီ မဟာကမ္ဘာရဲ့ နေကို တစ်ပတ်ပတ်နှုန်းက ၃၃ ရက်ပဲ ရှိပါတယ်။

လက်ရှိအထိတော့ အခြေခံအချက်တွေ ဖြစ်တဲ့ ဂြိုဟ်ရဲ့ အကွာအဝေး၊ ထုထည်နဲ့ မျက်နှာပြင်အပူချိန်တွေကိုပဲ တိုင်းတာနိုင်သေးပါတယ်။

နောက်ပိုင်း တယ်လီစကုပ် နည်းပညာတွေ ပိုပြီး ဖွံ့ဖြိုးလာခဲ့ရင် Hubble Space Telescope ကနေ အချက်အလက်တွေ ပိုမိုရယူနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ အချိန်ကျရင် ဂြိုဟ်ပေါ်က ငွေ့ရည်ဖွ့ဲမှု မော်လီကျူးတွေကို စူးစမ်းနိုင်မှာ ဖြစ်ပါတယ်။

Rf; LabBible
Writer_ မောင်သံဆင့်(XYZ News)

Ads