အခုခေတ်မှာ အိတ်ထဲမှာ ဖုန်းတစ်လုံးမရှိတဲ့သူဆိုတာ မရှိသလောက်ရှားသွားပါပြီ ။ဒါပေမယ့် ဒီဖုန်းကို ပရိုဆန်ဆန်အသုံးမပြုတတ်သေးကတော့ တပုံတပင်ရှိနေပါသေးတယ်။ ဒီတော့ နေ့စဉ်သုံးစွဲနေတဲ့ စမတ်ဖုန်းတွေကို ဘယ်လိုမျိုး ပရိုဆန်ဆန် သုံးရမလဲဆိုတာကိုပြောပြသွားမှာပါ ။

၁- ဘတ္ထရီ

ဖုန်းဆိုတာ ဘတ္ထရီအားနဲ့သုံးစွဲရတာဖြစ်တဲ့အတွက် အားကုန်သွားတဲ့အခါ ဘာမှလုပ်လို့ရမှာမဟုတ်တော့ပါဘူး။ဖုန်းမီးအားမရှိ ၊ မီးအားသွင်းစရာနေရာမရှိဖြစ်လာရင် သင်စိတ်တွေရှုပ်လာမှာအမှန်ပါပဲ။
ဒီတော့ ဖုန်းအားကို ချွေတာသုံးမယ်ဆိုရင် ဒီလိုပြဿနာတွေကနေ လွတ်ကင်းနိုင်ပါတယ်။ဖုန်းအားချွေတာဖို့အတွက်တော့ automatic pixel highlighting ဆိုတာကို ပိတ်ထားလိုက်ပါ။ သာမန်ထက် ဖုန်းအားပိုခံတာကိုတွေ့ရပါလိမ့်မယ်။ဒီဖန်ရှင်ဟာဖုန်းတိုင်းမှာတော့ မပါဝင်ပါဘူး။

၂- Text to Speech

တစ်ချို့အင်္ဂလိပ်စာအုပ်တွေကို သင်ထိုင်ဖတ်မနေပဲ ဖုန်းက ဖတ်ပြတာကိုနားထောင်နိုင်ပါတယ်။ဒီအတွက်တော့ Settings -> Accssibility မှာ Text to Speech ဆိုတဲ့ ဖန်ရှင်လေးကိုဖွင့်ပေးထားပါ။

၃- ဖုန်းပျောက်ရှာရန်

Settings -> Security -> Device Administrators ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေးထားပါ။မတော်တဆ ပျောက်သွားခဲ့ရင် အခြားဖုန်းတစ်လုံးထဲသို့ သင့်ရဲ့ဖုန်းထဲထည့်ထားတဲ့ Gmail ကိုထည့်သွင်းပါ။
ထို့နောက် http://google.com/android/devicemanager ဒီ website ကနေတစ်ဆင့်ဝင်ရောက်ကာ ကိုယ့်ဖုန်းကိုပြန်လည်ရှာဖွေနိုင်ပါတယ်။

၄- Guest Mode

သင့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေ ကို တခြားသူမသိစေချင်ရင်တော့ Guest Mode ဖွင့်ထားတာ အကောင်းဆုံးပါပဲ။ဖုန်းခနလေးချထားတဲ့အခါမျိုးမှာ တခြားသူကောက်ကိုင်ပြီး ကိုယ့်အချက်အလက်တွေကို ကြည့်မသွားနိုင်စေဖို့အတွက် Guest Mode ကိုဖွင့်ထားပါ။ဘယ်လိုဖွင့်ရလဲ ဘယ်လိုဝင်ရမလဲဆိုတာကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီးကွာခြားတဲ့အတွက် Setting ထဲမှာဝင်ရောက်ကြည့်ရှုပေးပါ။

၅- မှန်ဘီလူး

Settings -> Accessibility -> Magnification Gestures ဆိုတဲ့ဖန်ရှင်ဟာ အမြင်အာရုံနည်းပါးတဲ့သူတွေအတွက် အထောက်အကူပေးနိုင်တဲ့ဖန်ရှင်တစ်ခုပါ။ဒီဖန်ရှင်ကိုဖွင့်ထားမယ်ဆိုရင် သုံးချက်လောက်ဆက်တိုက်ထိလိုက်ရင် ထိလိုက်တဲ့နေရာကို မှန်ဘီလူးကဖြတ်ကြည့်သလို အကြီးကြီးမြင်ရမှာဖြစ်ပါတယ်။

၆- Hotspot Mode

ဒါကတော့ အခြားသူတွေနဲ့ ကိုယ့်ဖုန်းက အင်တာနက်ကိုဝေမျှ သုံးဖို့အတွက် အသုံးဝင်တဲ့ ဖန်ရှင်လေးတစ်ခုပါပဲ။ဖွင့်ရတာလည်း လွယ်ကူပါတယ်။ Settings -> Tethering and portable hotspot မှာ အမှန်ခြစ်ပေးလိုက်ရုံပါပဲ။

၇- လျို့ဝှက်ဂိမ်း

Android 2.3 ကစပြီးတော့ ဂူးဂဲဟာ Android user တွေအတွက် လျို့ဝှက်ဂိမ်းလေးတစ်ခုထည့်သွင်းပေးထားပါတယ်။ဒီဂိမ်းကိုရှာချင်ရင်တော့ Settings -> About Phone or Tablet ကိုသွားပါ။ထို့နောက် Android Version ဆိုတာကို အချက်ပေါင်းများစွာ ထိပါ ။ဒါဆိုရင်တော့ ဂူးဂဲရဲ့လျို့ဝှက်ဂိမ်းလေးကို သင်ကစားနိုင်ပါပြီ ။

၈- TV Remote ကောင်းမကောင်း

ကိုယ့်ကိုင်တဲ့စမတ်ဖုန်းကနေ TV Remote ကောင်းမကောင်း စစ်ကြည့်လိုရတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ဖုန်းရဲ့ကင်မရာကိုဖွင့်လိုက်ပါ။ ပြီးရင် TV Remote ကခလုတ်တွေကို ကိုနှိပ်ကြည့်ပြီး ဖုန်းကင်မရာကနေ TV Remote ထိပ်က မီးလေးလင်း ၊ မလင်းကြည့်လိုက်ပါ။ လင်းနေသေးတယ်ဆိုရင် TV Remote က ကောင်းတယ်လို့သတ်မှတ်လို့ရပါတယ်။

၁၀ ။ ဖုန်းအားမြန်မြန်သွင်းမယ်

ဒါကတော့ သင့်က ဖုန်းအား အပြည့်လည်းလိုချင်တယ်အချိန်လည်း အရမ်းမပေးချင်ဘူးဆိုရင်တော့ အသုံးဝင်ပါတယ်။ ဖုန်းကို Airplane Mode ဖွင့်ပေးထားခြင်းဖြင့်သင့်ဖုန်းအား မြန်မြန်နဲ့ ပြည့်လာမှာဖြစ်ပါတယ်။

Note_မိမိအသုံးပြုတဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး တစ်ချို့လုပ်ဆောင်ချက်တွေ အသုံးပြုလို့မရတာမျိုးဖြစ်နိုင်ပါတယ် ။

Writer – Min Thu ( XYZ News )

Ads