ယခင်က ခေါင်းဆောင်ကင်မ်ဂျုံအန် မြင်းဖြူစီးနေတဲ့ဓာတ်ပုံကိုဖြန့်ချိခဲ့တဲ့ မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ရုရှားမှ မြင်းတင်သွင်းဖို့အတွက် ဒေါ်လာ ၅ သိန်းကျော် အသုံးပြုခဲ့တယ်လို့ ရုရှားအကောက်ခွန်အချက်အလက်များအရ သိရပါတယ်။

မကြာသေးမီက ရိုက်တာသတင်းဌာနကရေးသားခဲ့တဲ့အချက်အလက်များအရ ပြီးခဲ့တဲ့နှစ်က ဟော့ရမ်းတဲ့ ဒီနိုင်ငံက ရုရှားမျိုးကောင်းမျိုးသန့်မြင်းတစ်ဒါဇင်ကိုတင်သွင်းဖို့ ဒေါ်လာ ၇၅.၅၀၉ ကျော်ကိုအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဝယ်ယူမှုတွေဟာ အိမ်နီးချင်း ရုရှထံမှာ ဈေးကြီးမြင်းတွေ ဝယ်ယူခဲ့တဲ့ သမိုင်းအစဉ်အလာရှိခဲ့တဲ့ အထီးကျန်နိုင်ငံက ၎င်းရဲ့ မြင်းအုပ်ကို တိုးချဲ့နေတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

လျှို့ဝှက်သိုသိပ်လွန်းတဲ့ အစိုးရရဲ့ နောက်ဆုံး ဖြည့်စွက်မှုကတော့ မြင်း ၆၁ကောင်ကို ကန်ဒေါ်လာ ၁၉၂၂၀၄နဲ့ ဝယ်ယူခဲ့တဲ့ ၂၀၁၅ခုနှစ်နောက်ပိုင်းမှာ ရုရှမြင်းတွေကို အများဆုံးဝယ်ယူမှုပဲ ဖြစ်ပါတယ်။

၂၀၁၀ မှ ၂၀၁၉ ခုနှစ်အတွင်း ၅၈၄,၃၀၂ ဒေါ်လာနဲ့ အနည်းဆုံးမြင်း ၁၃၈ ကောင်တင်သွင်း ခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ပြုံယမ်းက ၎င်းရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေအပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ဒီဝယ်ယူမှု ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ကင်မ်က ပြီးခဲ့တဲ့နှစ်ကဖြန့်ချိခဲ့တဲ့ဓာတ်ပုံတွေမှာ ဆီးနှင်းဖုံးလွှမ်းနေတဲ့တောင်စောင်းတွေပေါ်မှာ မြင်းဖြူတစ်ကောင်ကိုစီးနေတဲ့ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့အကြီးတန်းစစ်အရာရှိများက သူ့ကိုလိုက်ပါခြံရံပြီး သမိုင်းဝင်စစ်မြေပြင်တွေကိုဖြတ်ကျော်ပြီးမြင်းစီးနေသလိုဟန်နဲ့ ဓာတ်ပုံအရိုက်ခံခဲ့ တာဖြစ်ပါတယ်။

ဒီဇင်ဘာလတုန်းက ပုံတွေဟာ နျူကလီးယားဖျက်သန်းရဲ့ အမေရိကန်ရဲ့ ရန်လိုတဲ့ ပေါ်လစီတွေကို မသိမသာခြိမ်းခြောက်ပြီး နောက်တစ်တစ်ရက်အကြာမှာ ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်ငံပိုင်မီဒီယာတွေက ဒီပုံတွေကို အင်အားပြတဲ့အနေနဲ့ ပြသခဲ့တာပဲ ဖြစ်ပါတယ်။

Ref; Fox News
Writer_Aung Moe ( XYZ News )

Ads