ဖြစ်စဉ်သာဓကတွေအားလုံးကိုကြည့်မယ်ဆိုရင်ကြိုတင်ကာကွယ်ခြင်းကပထမဆုံးအဆင့်ပါ။ အိမ်တစ်အိမ်မီးလောင်တဲ့အခါ ပိုမိုကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အချက်တွေကိုသိထားဖို့ကအရေးကြီးပါတယ်။ မီးဆိုတာအန္တရာယ်များတဲ့အတွက်ကြောင့်သင်သတိကြီးကြီးထားဖို့လိုပါတယ်။ သင်တာသတိမထားဘူးဆိုရင် ၂ မိနစ်အတွင်းမှာ အိမ်မီးလောင်ခြင်းဟာမီးစွဲပီးတော့ အသက်အန္တရာယ်ရှိလာတဲ့အထိဖြစ်လာနိုင်ပါတယ်။

အက်ဖ်အီးအမ်အေ ရဲ့စစ်တမ်းကောက်ချက်တွေအရဆိုရင် နှစ်စဉ်ထောင်ပေါင်းများစွာသောအမေရိကန်သားတွေဟာမီးကြောင့်အသက်ဆုံးရှုံးနေရပီးဘီလီယံချီတဲ့ပိုင်ဆိုင်မှုတွေလဲဆုံးရှုံးလို့နေပါတယ်။ အမှန်တော့ မီးထဲကလာတဲ့အပူနဲ့မီးခိုးငွေ့က သေဆုံးမှုတွေကိုပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါတွေကတော့ မီးလောင်ရင်သင်လုပ်ဖို့လိုအပ်တဲ့အချက်တွေဖြစ်ပါတယ်။

၁။မီးသတ်ဆေးဘူး

သင့်ရဲ့အိမ်မှာမီးအချက်ပြ alarm သံကြားရင် ဒီတိုင်းမထိုင်နေပါနဲ့၊ ကာကွယ်မှုတစ်ခုဖြစ်အောင် မီးသတ်ဆေးဘူးကိုသွားယူပါ။ ဒီလိုသေးငယ်တဲ့လုပ်ဆောင်ချက်လေးက မီးကိုချက်ချင်းဆိုသလိုငြိမ်းသတ်ပေးနိုင်ပါတယ်။ ဒါမဲ့ အဲ့လိုလုပ်လို့မှမီးမငြိမ်းသွားဘူးဆိုရင်တော့ ချက်ချင်းအဲ့နေရာကနေထွက်လာခဲ့ပါ။ ဒါပေမဲ့လဲ ဘာတွေပဲဖြစ်ဖြစ် မီးသတ်ဆေးဘူးဆိုတာအရေးကြီးတဲ့အတွက် အိမ်တိုင်းမှာဆောင်ထားသင့်ပါတယ်။

၂။သတိပေးနှိုးဆော်ပါ။

မီးလောင်နေတဲ့အခြေအနေကိုအိမ်ထဲကအခြားသူတွေပါသိအောင် အော်ဟစ်ပီးသတိပေးပါ။ မီးအချက်ပြ alarm တွေဘာတွေကိုအားမကိုးပါနဲ့။ ဘာလို့လဲဆိုတော့ အဲ့ alarm တွေကလဲတစ်ခါတစ်လေ ဘက်ထရီပြဿနာစတဲ့ပြဿနာတွေကြောင့်အသံမထွက်လာတာလဲဖြစ်နိုင်ပါတယ်။

၃။၉၁၁ ကိုဖုန်းဆက်ပါ။

မီးလောင်နေတဲ့နေရာကထွက်လာပီဆိုတာနဲ့ ဖုန်းကိုကောက်ကိုင်ပီး မီးသတ်ဌာနကိုဖုန်းခေါ်ပါ။ ဒါပေမဲ့လဲ ဖုန်းကိုရှာမယ်ဆိုပီးအိမ်ထဲမှာရပ်မနေပါနဲ့ အဲ့လိုဆိုကိုယ်ပါမီးတောက်ထဲပါသွားနိုင်ပါတယ်။ အိမ်အပြင်ကိုရောက်သွားပီဆိုတော့မှ ကိုယ့်အိမ်နီးချင်း ဒါမှမဟုတ် ဖြတ်သွားတဲ့လူတွေဆီကအကူအညီတောင်းပီး မီးသတ်ဌာနကိုဖုန်းခေါ်ပါ။

၄။အဖိုးတန်ပစ္စည်းတွေကြောင့် အိမ်ပြင်ထွက်ဖို့ကိုမနှောင့်နှေးပါစေနဲ့

မီးလောင်နေတဲ့အခါမှာ ကိုယ့်အဖိုးတန်ပစ္စည်းတွေကိုရှာမယ်ဆိုပီး အိမ်ပြင်ထွက်ဖို့ကိုမနှောင့်နှေးပါစေနဲ့။ မီးသတ်သမားတွေလာတော့မှ ကိုယ့်ရဲ့အဲ့အဖိုးတန်ပစ္စည်းတွေကဘယ်နေရာမှာရှိတယ်ဆိုတာပြောပြပီးအကူအညီတောင်းပါ။

၅။ရပ်၊လဲချ၊လှိမ့်

ကိုယ့်အင်္ကျီမှာမီးစွဲနေတယ်ဆိုရင် မပြေးပါနဲ့။ကြမ်းပြင်ပေါ်လဲချလိုက်ပီးကျော်ကိုလှိမ့်လိုက်ပီးမီးကိုငြိမ်းသတ်ပါ။ အပူချိန်အမြင့်တွေကနေရှောင်ရှားနိုင်ဖို့ နဲ့ မီးထဲကလာတဲ့မီးခိုးထူကြီးတွေကဝေးအောင် အမြဲတွားသွားပီး မြေကြီးနဲ့အနီးကပ်ဆုံးဖြစ်အောင်နေပါ။ လောင်ကျွမ်းနေတဲ့အိမ်ကနေမလွတ်မြောက်ခင်ထိ ကိုယ်ကိုနိမ့်နိမ့်လေးပဲနေပါ။

၆။နှာခေါင်းကိုအုပ်ထားပါ။

မီးခိုးငွေ့တွေအဆုတ်ထဲထိမဝင်ရောက်နိုင်အောင် မိမိနှာခေါင်းကို တီရှပ် ဒါမှမဟုတ် မျက်နှာသုတ်ပဝါအစိုတစ်ထည်နဲ့အုပ်ထားပါ။ ကလေးတွေကိုမီးထဲကအပြင်ကိုခေါ်ထုတ်တဲ့အခါမှာလဲ မျက်နှာကိုတတ်နိုင်သလောက်ဖုံးအုပ်ထားပါ။ နောက်ဆုံးအနေနဲ့ကတော့ မီးခိုးတွေ၊မီးတောက်တွေအပြည့်ဖြစ်နေတဲ့ အခန်းထဲကိုမဝင်သွားပါနဲ့။ အဲ့လိုလုပ်ခြင်းဟာပိုပီးကြီးမားတဲ့အန္တရာယ်ကိုဖိတ်ခေါ်သလိုဖြစ်သွားပါလိမ့်မယ်။

၇။တံခါးတွေပိတ်ထားပါ။

အခန်းတစ်ခန်းကထွက်ပီးပီဆိုတာနဲ့ နောက်ကတံခါးကိုတစ်ခါတည်းပိတ်လာခဲ့ပါ။သုတေသနပြုလုပ်ချက်တွေအရဆိုရင် တံခါးတွေပိတ်ထားခြင်းဟာ မီးပြန့်ပွားမှုကိုကာကွယ်ပေးပါတယ်လို့ဆိုပါတယ်။ ဆိုလိုတာကတော့မီးကအဲ့နေရာမှာတစ်ခဏပဲဖြစ်ဖြစ်ရပ်တန့်နေမှာပါ။

၈။အပြင်မှာပဲနေပါ။

အိမ်အပြင်ကိုထွက်ပီးတာနဲ့ အပြင်မှာပဲနေပါ။အထဲမှာကိုယ့်အဖိုးတန်ပစ္စည်းတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကျန်နေခဲ့တယ်ဆိုရင်တောင်မှ၊ မီးလောင်နေတဲ့အိမ်ထဲကိုထပ်ဝင်ဖို့မလုပ်ပါနဲ့။ အိမ်ထဲမှာ လူတွေ၊အိမ်မွေးတိရိစ္ဆာန်တွေကျန်နေသေးတယ်ထင်ရင် မီးသတ်ဌာနကတာဝန်ရှိသူတွေကိုပြောပြပီး သူတို့ရှိနိုင်မယ့်နေရာကိုညွှန်ပြပေးပါ။

၉။ထွက်ခွာရာနေရာကိုဘေးကင်းအောင်လုပ်ပါ။

အိမ်ကထွက်ခွာပီးတာနဲ့ တစ်နေရာမှာမိသားစုတွေနဲ့စုနေပီး မီးလောင်နေတဲ့အိမ်ထဲကလူအကုန်ကိုကယ်လို့မပီးသေးခင် အဲ့နေရာမှာပဲနေပါ။ ဒီလိုလုပ်ရခြင်းဟာမီးထဲကလွတ်ပီးသားလူတွေကို မီးသတ်သမားတွေထပ်ရှာစရာမလိုတော့အောင်ပါ။

မီးဟာကြောက်ဖို့ကောင်းပီး ပျက်စီးဆုံးရှုံးမှုတွေအပြင် ဒဏ်ရာရမှု၊သေဆုံးမှုတွေကိုပါဖြစ်ပေါ်စေပါတယ်။ စိတ်ကိုအေးအေးထားပီးအကူအညီကိုခေါ်ဖို့အမြဲသတိရပါ။ ဒါကတော့အိမ်မှာမီးလောင်ခဲ့သည်ရှိသော် ဘယ်လိုဘေးကင်းအောင်နေရမလဲဆိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။

Writer – Min Thu ( XZY News)

Ads