ဖောက်ထွင်းဝိဇ္ဇာ တစ်ဦး ကနေပြီးတော့ အောင်ပွဲခံနေတာကို စီစီတီဗီ မှတ်တမ်းမှာတွေ့ခဲ့ရပါတယ် ။

အသက် ၄၃ နှစ်အရွယ် David Michael Seale ကိုတော့ Frensno ကယ်လီဖိုးနီးယားမှာ ဖောက်ထွင်းမှုနဲ့ မှတ်ပုံတင်အတုလုပ်မှုတွေကြောင့်ဖမ်းဆီးခဲ့ပါတယ် ။ အလုပ်သမားခေါင်းဆောင် Shaw Avenue နဲ့ Hughes Avenue ဟာ အင်္ဂါနေ့ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ သံသယရှိသူတစ်ယောက် အဆောက်အဦးထဲကထွက်သွားကြောင်းရဲဌာနကိုတိုင်ကြားခဲ့ပါတယ် ။

ပိတ်ရက်တုန်းကလည်း ဒီတိုက်မှာ ဈေးကြီးလက်တော့ပ်တစ်ခုအခိုးခံရကြောင်းတိုင်ကြားထားဖူးတဲ့အတွက် ရဲတွေအခင်းဖြစ်နေရာကိုချက်ချင်းရောက်အောင်သွားခဲ့ကြတယ် ။ မကြာခင်မှာပဲ ဒီတိုက်နဲ့အနည်းငယ်အဝေးမှာ Seale ကို သူခိုးထားတဲ့ လက်တော့ပ်နဲ့လက်ပူးလက်ကြပ်မိခဲ့ပါတော့တယ် ။

ဒါကတော့ တိုက်ထဲမဝင်ခင် မာစတာကီးသုံးပြီးဖွင့်နေတဲ့တရားခံရဲ့ဓါတ်ပုံပါ ။

Seale ဆီမှာ မာစတာကီးတစ်စုံတွေ့ခဲ့ရပြီးတော့ ဒီသော့တွဲဟာ ရုံးခန်းတွေ နဲ့တံခါးတွေကို ဖွင့်ခဲ့တဲ့သော့တွဲပဲဖြစ်ပါတယ် ။ တကယ်တော့ သော့တွေဟာ ပုံတူကူးထားတဲ့သော့တွေပဲဖြစ်ပြီးတော့ Seale ဘယ်လိုမျိုးသော့တွေကိုရခဲ့လဲဆိုတာကိုတော့ ရဲတွေမသိရသေးပါဘူး ။ Seale ကတော့ ဖောက်ထွင်းမှုတွေ မှတ်ပုံတင်လိမ်လည်မှုများစွာနဲ့ ရဲတွေဆီမှာဝရမ်းပေါင်းများစွာထုတ်ထားခဲ့တဲ့သူတစ်ယောက်ပါ ။

ဒီအဆောက်အဦးရဲ့ CCTV ကိုလည်း ခြေရာလက်ရာတွေ့ရအောင် ရဲတွေက စစ်ဆေးခဲ့ပါတယ် ။

သုံးရက်တာကာလအတွင်းအချိန်တွေကိုစောင့်ကြည့်ခဲ့တဲ့အချိန်မှာတော့ Seale ဟာ လက်တော့ပ်ခိုးယူမယ့်ရုံးခန်းထဲကို အကြိမ်ပေါင်းများစွာဝင်ထွက်ခဲ့တာကိုတွေ့ရတယ် ။ စနေနေ့ မနက် ၂ နာရီ ၂၁ မိနစ်မှာ အဆေက်အဦးတံခါးတွေကို ဖွင့်ဝင်သွားပြီး လက်တော့ပ်ခိုးယူပြီးနောက် အောက်ပွဲခံတဲ့အနေနဲ့ အကတောင်ကခဲ့သေးတယ် ။

Frensno ဟာ ၁၉၆၀ ပြည့်နှစ်က ပေါ့ဂီတစတင်မွေးဖွားခဲ့တဲ့နေရာဖြစ်ပါတယ် ။

ဒီဗီဒီယိကိုသက်သေထားပြီးတော့ Seale ကိုဖောက်ထွင်းမှုနဲ့တရားစွဲဆိုခဲ့ပါတယ် ။ ဒုတိယအဆင့်ဖောက်ထွင်းမှုနှစ်ကြိမ်နဲ့ ဖောက်ထွင်းပစ္စည်းလက်ဝယ်တွေ့ရှိရမှု ၊ အရာရှိကိုလိမ်လည်မှုတွေနဲ့ စွဲချက်တင် ထားပြီး အခုဆိုရင်တော့ Fresno ထောင်ထဲမှာ အာမခံမရှိပိတ်ထည့်ထားခြင်းခံထားရပါတယ် ။

Writer – Min Thu ( XYZ News)

Ads