ကံမကောင်းစွာနဲ့သူမရဲ့သတို့သားကိုစဖို့နေ့ရွေးတာမှားသွားပါတယ်။ဒီအကြောင်းကတော့စနေတာကနေဆိုးရွားတဲ့ဘက်ကိုရောက်နိုင်တယ်ဆိုတဲ့အကောင်းဆုံးဥပမာပါပဲ။တရုတ်နိုင်ငံကအမျိုးသမီးတယောက်ကသူမရဲ့သတို့သားလောင်းကဘယ်လောက်ချစ်လဲဆိုတာစမ်းသပ်ခဲ့ပါတယ်။ဒါပေမယ့်သူမနေ့ရွေးတာမှားသွားပါတယ်။မင်္ဂလာဆောင်အကြိုဓာတ်ပုံရိုက်မယ့်နေ့မှာအဖွားကြီးတယောက်လိုမိတ်ကပ်ပြင်လာခဲ့တာပါ။

တရုတ်နိုင်ငံရှန်ဇန်မြို့မှာနေတဲ့အသက်၂၆နှစ်အရွယ်အရွယ်သတိ့ုသမီးလောင်းကွင်ကိုကသူမသတို့သားရဲ့အချစ်ကိုစမ်းသပ်ခဲ့ပါတယ်။သူမကိုယ်ကိုအသက်၅၀အရွယ်မိတ်ကပ်၊ဆံပင်အဖြူတွေနဲ့မျက်ကွင်းညိုနေတဲ့မျက်နှာအိုအိုနဲ့မင်္ဂလာအကြိုဓာတ်ပုံရိုက်မယ့်နေရာကိုလာခဲ့ပါတယ်။

ကံမကောင်းတာသူမရဲ့သတို့သားဖြစ်တဲ့ဂိုချန်ကစနောက်တာတွေမကြိုက်ပါဘူး။ကိစ္စကကြီးလာပြီးသူတို့ကရှန်ဇန်ရဲ့ဒုံမန်လမ်းဟောင်းမှာအော်ဟစ်ပြီးရန်ဖြစ်ကြပါတယ်။ဖြတ်သွားဖြတ်လာလူတွေကသူတို့နားကိုစုလာပြီးရန်ဖြစ်တာကိုဗီဒီယိုတွေရိုက်ကြပါတယ်။

မျက်မြင်သက်သေတွေပြောတာကတော့သတို့သားကမိတ်ကပ်တွေကိုဖျက်လိုက်ဖို့ပြောပါတယ်။သတို့သမီးကတော့လုံးဝငြင်းပါတယ်။သူသာသူမကိုနောက်အနှစ်၅၀အထိချစ်နိုင်မယ်ဆိုရင်ဒီပုံနဲ့မင်္ဂလာဦးဓာတ်ပုံအရိုက်ခံနိုင်ရမယ်လို့ပြောပါတယ်။

သတို့သားကသူမလိုချင်တာကိုမလုပ်ပေးနိုင်လို့ရန်ဖြစ်နေတာကိုအဓိပ္ပါယ်မရှိဘူးလို့ခံစားရပါတယ်။အဲဒါနဲ့သူ့ရဲ့မျက်မှန်ကိုမြေပေါ်ပစ်ချပြီးတက္ကစီတစ်စီးငှါး၍ထွက်သွားခဲ့ပါတယ်။

သတို့သမီးကလမ်းပေါ်မှာပဲအရမ်းငိုပြီးကျန်နေခဲ့ပေမယ့်သတို့သားကပြန်မလာခဲ့ပါဘူး။နာရီနည်းနည်းကြာအောင်ထိုင်စောင့်ပီးတဲ့နောက်မှာသတို့သမီးကလဲတက္ကစီငှါပြီးထွက်သွားတယ်လို့အနားကလူတွေကပြောပါတယ်။

Writer -Min Thu ( XYZ News )

Ads