ချစ်တယ်လို့ပြောတာကတယောက်ယောက်ကိုဂရုစိုက်တယ်ဆိုတာပြောပြဖို့အလွယ်ဆုံးနည်းဖြစ်ပေမယ့်အဲဒီတနည်းပဲရှိတာတော့မဟုတ်ပါဘူး။ခံစားချက်တွေဖော်ပြတာကတယောက်နဲ့တယောက်မတူပါဘူး။တချို့ကစကားလုံးတွေသုံးပြီးတချို့ကအပြုအမူနဲ့ပြပါတယ်။သင့်ရဲ့လက်တွဲဖော်ကသင့်ကိုလုပ်ပြတဲ့အပြုအမူတွေကဒေါသထွက်စရာစိတ်ပျက်စရာတွေလဲဖြစ်နိုင်ပါတယ်။

BrightSideကသင့်ချစ်ရတဲ့လူတွေလုပ်ပြတဲ့အပြုအမူတွေကဘာကိုဆိုလိုလဲဆိုတာပြောစရာမလိုအောင်သိဖို့နည်း ၆နည်းကိုဖော်ပြထားပါတယ်။
၁။သင်ပြောတာတွေကိုကိုယ်ပိုင်ဒိုင်ယာရီလိုနားထောင်တယ်။

သင့်ရဲ့လက်တွဲဖော်ကသင့်ပြောတဲ့ပျေါ်စရာကော၊ဝမ်းနည်းစရာကောကိုနားထောင်ပြီးနှစ်သိမ့်ပေးတတ်တယ်ဆိုရင်၊သူတို့ကနားထောင်ပေးရုံတင်မဟုတ်ဘဲသင့်တို့ဆက်ဆံရေးရဲ့ယုံကြည်မှုကိုပါတန်ဖိုးထားနေတယ်လို့ပြတာပါ။သင့်ရဲ့လက်တွဲဖော်ဆက်ဆံရေးကိုပိုခိုင်မာပြီးရိုးသားမှုရှိလာအောင်လုပ်နေတာပါ။

၂။သင့်ရဲ့အချွဲအနွဲ့တွေကိုကြိုက်တယ်။

သင်ချစ်မိသွားတဲ့အခါမှာချွဲနွဲ့ရတာလဲဆက်ဆံရေးတခုမှာပျော်စရာပါပဲ။သင့်လက်တွဲဖော်ကသင့်ကိုချွဲရတာကြိုက်တယ်ဆိုရင်သင်နဲ့ရှိနေတဲ့အချိန်ကိုပိုကောင်းစေချင်ပြီးတန်ဖိုးထားတယ်ဆိုတဲ့သဘောပါ။အဲဒါတင်မကပါဘူး။နဖူးကိုနမ်းခြင်းနဲ့အနောက်ကသိုင်းဖက်ခြင်းတွေကစကားလုံးတွေမပါဘဲသင်ကအရေးကြီးကြောင်းကိုပြနေတာပါ။

၃။သင့်ရည်မှန်းချက်တွေအောင်မြင်အောင်တွန်းအားပေးတယ်။

ဆက်ဆံရေးတခုဆိုတာကသင်တို့အချိန်တွေထပ်တူကျတာမဟုတ်သလိုတနေကုန်စာပို့နေလို့လဲမရပါဘူး။နေ့တနေ့ကုန်သွားရင်မတူတဲ့ရည်မှန်းချက်နဲ့အိမ်မက်တွေအတွက်ရှင်သန်ကြတာပါ။သင့်လက်တွဲဖော်ကအိမ်မက်တွေအောင်မြင်ဖို့တွန်းအားပေးပြီးသူ့ကိုအာရုံမစိုက်တာကိုအထွန့်မတက်ဘူးဆိုရင်တော့သူကသင့်ရဲ့ကိုယ်ပိုင်အချိန်ကိုတန်ဖိုးထားတာပါ။သင့်ရဲ့လက်တွဲဖော်မှာလဲသူ့ရဲ့ကိုယ်ပိုင်အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အခွင့်အရေးရှိတာကိုနားလည်ခြင်းကရင့်ကျက်မှုနဲ့အချစ်စစ်ပါပဲ။

၄။သင့်ကိုအိမ်မှာကူညီတယ်။

သင့်လက်တွဲဖော်ကအဝတ်လျှော်တာနဲ့တခြားအိမ်အလုပ်တွေကိုလုပ်ရတာမညည်းညူဘူးဆိုရင်သင့်ကိုတူညီတဲ့တန်ဖိုးရှိတယ်လို့သဘောထားပြီးမျှဝေခံစားတာပါ။ဆက်ဆံရေးတခုမှာသာတူညီမျှစိတ်ရှိတဲ့သူကိုရှာဖို့အရမ်းခက်တဲ့အတွက်အဲလိုလူကိုတွေ့ရင်လက်မလွှတ်ပါနဲ့။

၅။သူတို့ချစ်ရတဲ့တခြားလူတွေကိုသင့်အကြောင်းပြောဖို့ဝန်မလေးဘူး။

အရှင်းဆုံးလက္ခဏာကတော့သင့်လက်တွဲဖော်ကမိသားစုနဲ့ပတ်ဝန်းကျင်ကလူတွေကိုသင့်အကြောင်းမဖုံးထားတာပါပဲ။သင်တို့ပတ်သတ်မှုအကြောင်းတခြားသူကိုပြောဖို့ဝန်မလေးဘူးဆိုရင်တော့သူတို့ကသင်နဲ့ထားတဲ့ကတ်တွေကိုတန်ဖိုးထားတယ်ဆိုတာနဲ့အနာဂတ်ကိုသင်နဲ့သွားမယ်လို့ဆိုလိုတာပါ။

၆။သင်တို့နှစ်ယောက်အပြင်သွားတဲ့အချိန်တိုင်းလက်ချိတ်ထားတယ်။

လူကြားထဲမှာတောင်လက်ချိတ်သွားနေတာကလဲအဆင်ပြေပါတယ်။အဲဒါကိုအနီကတ်လို့သဘောထားရင်ရပါပြီ။သင်တို့နှစ်ယောက်ပတ်သတ်နေတယ်ဆိုတာတခြားသူတွေကိုပြနေတာပါ။အဲဒါကြောင့်လူကြားထဲမှာတောင်သင်နဲ့ခပ်ခွာခွာမနေနိုင်ဖြစ်နေတာပါ။

Writer -Min Thu ( XYZ News )

Ads