1- Beauty and the Beast

သူတို့နှစ်ယောက်ကတော့ အသက် ၃၇ နှစ်အရွယ် Bumi Kantha နဲ့ အသက် ၂၃ နှစ်အရွယ် Phatso Rob Mack တို့ဖြစ်ကြပြီးထိုင်းနိုင်ငံမြောက်ပိုင်းကရွာလေးတစ်ရွာမှာနေထိုင်ကြပါတယ်။Bumi ဟာ ငယ်စဉ်တုန်းကမျက်နှာကို ကရိန်းနဲ့ရိုက်မိခဲ့ပြီးမျက်နှာအောက်ပိုင်းပျက်ဆီးသွားခဲ့ပေမယ့် ကုသစရိတ်အများကြီးမတတ်နိုင်တာကြောင့် ပျက်ဆီးသွားတဲ့မျက်နှာကို မပြင်ဆင်နိုင်ခဲ့ပါဘူး။ Bumi ဟာ အားတဲ့အချိန်လေးတွေမှာ Hacci မြို့မှာသူ့ညီမနဲ့အတူ သင်္ဘောသီးသွားရောင်းရင်း Mack နဲ့တွေ့ခဲ့တာပဲဖြစ်ပါတယ်။

2-Dallin နဲ့ aluminio

မတ်လ ၁၂ ရက်နေ့ ၂၀၁၈ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံ Tagaya မြို့မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲကတော့ အမှတ်ရစရာပဲ။သတို့သမီးဟာ လူပုရောဂါကို ခံစားနေရတဲ့သူတစ်ယောက်ဖြစ်ပေမယ့် သူ့ခင်ပွန်းဟာ သူ့ကိုအလွန်ချစ်မြတ်နိုးတဲ့ အရိပ်အယောင်တွေကို မြင်တွေ့ခဲ့ရပါတယ်။သူတို့နှစ်ယောက်ဟာ အင်တာနက်ပေါ်ကလူထောင်ပေါင်းများစွာ အားကျခဲ့ရတဲ့ စုံတွဲလည်းဖြစ်ပါတယ်။

3-မီးတောင်ဂူလက်ထပ်ပွဲ

၂၀၁၆ ခုနှစ် အေပရယ်လ ၂၄ ရက်နေ့တုန်းက တရုတ်နိုင်ငံမှ လူငယ်စုံတွဲ ၂၀ ဟာ မီးတောင်ဂူအတွင်းမှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။သူတို့အားလုံးဟာ ၁၉၉၀ နောက်ပိုင်းမွေးဖွားခဲ့ကြသူတွေဖြစ်ပြီး သူတို့မင်္ဂလာပွဲကိုတော့ Dress တွေ Taxido ဝတ်စုံတွေမပါပဲ ပန်းပွင့်တွေ မြက်ရိုင်းတွေဝတ်ဆင်ပြီး ဆင်နွှဲခဲ့ကြတာပဲဖြစ်ပါတယ်။

4-ရင်ချင်းဆက်အမွှာ Ganga နဲ့ Jamuna Mondol

ပင့်ကူညီအစ်မလို့သိကြတဲ့ ဒီအမွှာကတော့ နှစ်ပေါင်းများစွာ လူအဖွဲ့အစည်းကဖယ်ကျဉ်ခြင်းခံနေရတဲ့သူတွေပါ။သူတို့နှစ်ယောက်ဟာ အလွန်ကြင်နာတတ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ Joe Simmered နဲ့တွေ့ခဲ့ပြီးတဲ့နောက် ကျောင်းဆရာဟာသူတို့ကို မြင်မြင်ချင်းချစ်သွားခဲ့တာကြောင့်သူတို့နဲ့လက်ထပ်ခဲ့ပါတယ်။အခုဆိုရင် ဒီအမွှာနှစ်ယောက်ဟာ အရင်လို သူတို့ဘဝကိုအားငယ်နေစရာမလိုတော့ပဲ အသက်ရှင်သ၍ ကျောင်းဆရာနဲ့အတူ ဖြတ်သန်းသွားချင်ပါတယ်လို့လည်း Jamuna က ပြောပြခဲ့ပါသေးတယ်။

5-အသက်အကြီးဆုံးစုံတွဲ

သူတို့နှစ်ယောက်ကတော့ အသက် ၁၀၂ နှစ်အရွယ် Song Qinglin နဲ့ အသက် ၉၉ နှစ်အရွယ် Song Shi တို့ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်းမှာနေထိုင်ကြတဲ့သူနှစ်ယောက်ဖြစ်ပြီး ၁၉၃၆ ခုနှစ် ဂျူလိုင်လ ၂၃ ရက်နေ့ကလက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲကိုတော့ ဒါဇင်နဲ့ချီတဲ့လူတွေတက်ရောက် ကူညီခဲ့ကြပါတယ်။

6-အသက် ၈၀ နဲ့ဆယ်ကျော်သက်

ဒီဇာတ်လမ်းကတော့ အနည်းငယ်ဝမ်းနည်းဖို့ကောင်းပါတယ်။အသက် ၁၂ နှစ်အရွယ်ကောင်မလေးဟာ သူ့ရဲ့ အစ်ကိုနဲ့အစ်မ ၁၂ ယောက်ကောင်းစားဖို့အတွက် ဒီလူကြီးနဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။သူတို့မိသားစုဟာ ဆော်ဒီနိုင်ငံရဲ့ နယ်စပ်မှာတဲလေးနဲ့နေထိုင်ကြရတာဖြစ်ပြီး အလွန်ခက်ခဲတဲ့ဘဝမှာနေထိုင်ကြရတာပါ။အသက် ၈၀ အရွယ် စီးပွားရေးသမားကြီးဟာ သူတို့မိသားစုကို ဆော်ဒီငွေ ၄သောင်းခွဲပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့နောက်မှာ သူမရဲ့အဖေနဲ့အမေက သဘောတူခဲ့တာပဲဖြစ်ပါတယ်။ငယ်ရွယ်ပြီး အချစ်မဲ့ ၊ ပိုက်ဆံအတွက်ကြောင့် အိမ်ထောင်ပြုခဲ့ရတဲ့ကလေးမလေးရဲ့ဘဝကိုတော့ စိတ်မကောင်းမိပါဘူး။

7-အမွှာမင်္ဂလာဆောင်

တရုတ်နိုင်ငံမှာ မင်္ဂလာဆောင်ခဲ့တဲ့ အမွှာစုံတွဲကတော့ အသက် ၂၆ နှစ်အရွယ် Zheng Xiang ၊ Zheng Akash တို့ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ သတို့သမီးနှစ်ယောက်ကတော့ အသက် ၂၃ နှစ်အရွယ်အမွှာနှစ်ယောက်ပဲဖြစ်ပါတယ်။စုံတွဲနှစ်တွဲလုံးဟာ ရုပ်ချင်းအလွန်ဆင်တူတဲ့အပြင် ဝတ်စုံတွေလည်း တစ်ထေရာထဲတူအောင်ဝတ်ထားတဲ့အတွက် ပွဲလာသူတွေဟာ ဘယ်သူက ဘယ်သူမှန်းတောင်မခွဲခြားတတ်လောက်အောင် အမြင်မှားခဲ့ကြပါတယ်။

8-အိမ်ခြေရာမဲ့နဲ့လက်ထပ်ခဲ့တဲ့သူ

၂၀၀၆ ခုနှစ်တုန်းက အမ်စတာဒမ်မှအမျိုးသမီးတစ်ယောက်ဟာ လမ်းပေါ်မှာ မူးပြီးအိပ်နေတဲ့အရက်သမားတစ်ယောက်ကိုမြင်မြင်ချင်းချစ်ပြီးလက်ထပ်ခဲ့ပါတယ်။သူမအပြောအရတော့ ဆံပင်တွေ အဝတ်အစားတွေစုတ်ပြတ်နေတယ်ဆိုပေမယ့် သူ့ရဲ့ညိုမှိုင်းတဲ့မျက်လုံးတွေကို ကြွေကျသွားခဲ့မိလို့ပါတဲ့။အခုဆိုရင်တော့သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက် ၁၀ နှစ်ရှိပြီဖြစ်ပြီး သူတို့ရဲ့အမွှာကလေးနှစ်ယောက်ဟာလည်း အသက် ၆ နှစ်ရှိနေပြီဖြစ်ပါတယ်။

9-၇၀ နဲ့ ၂၅

Parapa မြို့မှ အသက် ၇၀ အရွယ်ရှိတဲ့ Andy Fitri ဟာ အသက် ၂၅ နှစ်အရွယ် Aoife Tree ကို RP ၁၅၀ မီလျံနဲ့ရွှေ ၂၀၀ ဂရမ်ပေးပြီးတင်တောင်းခဲ့တာပါ။Aoife Tree ဟာ ရွာသူကြီးရဲ့ တစ်ဦးထဲသောသမီးဖြစ်ပြီး အခုလို Andy နဲ့လက်ထပ်ရတဲ့အတွက် အလွန်အမင်းပျော်ရွှင်ကြောင်းလည်းပြောပြခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ရွာသူကြီးသမီးက မီလျံနာဖြစ်သွားတာပေါ့။ဒီလူကတော့ တကယ့်ပညာရေးလိုက်စားသူတစ်ယောက်ပါပဲ။ သူဟာ သူတက်နေတဲ့ကျောင်းက အမျိုးသမီးတွေကို လက်ထပ်ထားတာပါ။ကျောင်းအုပ်ဆရာမ ရယ် ၊ သူ့အတန်းပိုင်ဆရာမရယ် ၊ ဆရာမခေါင်းဆောင်ရယ် ၊ ဒုတိယနှစ်ကျောင်းသူတစ်ယောက်ရယ်ကို လက်ထပ်ထားတဲ့သူတစ်ယောက်ပါ။
သူတို့တွေဘယ်လိုများ မနာလိုမဖြစ်ပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြလဲဆိုတာကို အံ့သြမိတယ်ဗျာ။

Writer – Min Thu ( XYZ News)

Ads